အိမ်မဲမြို့နယ်အတွင်း မိုးစပါးသီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများအား ပုလဲဓာတ်မြေဩဇာထောက်ပံ့

 

အိမ်မဲ   အောက်တိုဘာ  ၃၀


ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  ရွှေပြည်တန်ခန်းမ၌  ၂၀၂၁-၂၀၂၂  မိုးစပါးသီးနှံသဘာဝဘေး  ရွှေခရု ကျရောက် မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား     သွင်းအားစု     ပုလဲမြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်း က ကျင်းပသည်။

 


အခမ်းအနားတွင်   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အိမ်မဲမြို့နယ်အတွင်း ၂၀၂၁- ၂၀၂၂   ခုနှစ်    မိုးစပါးသီးနှံသဘာဝဘေး    ရွှေခရု  ကျရောက်မှုကြောင့်       ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား   သွင်းအားစု   ပုလဲမြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်း    အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

 


ဆက်လက်ပြီး  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက   ၂၀၂၁- ၂၀၂၂  ခုနှစ် မိုးစပါးသီးနှံ သဘာဝဘေး ရွှေခရုကျရောက်မှုကြောင့် ပျက်စီး ဆုံးရှုံးသွားသော ကျေးရွာ ၃၀ မှ တောင်သူပေါင်း ၁၈၂၅ ဦးအတွက် သွင်းအားစု ပုလဲမြေသြဇာ ၆၂၀၅ အိတ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ရာ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူး တင်စကား ပြောကြားကြောင်း သိရသည်။


 ချစ်သက်လယ်(အိမ်မဲ)