
တီဟီရန် နိုဝင်ဘာ ၂၂
အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၄၀ ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကူးစက်ခံရသူပေါင်း ၆၀၇၇၄၃၈ ဦးရှိလာကြောင်း အီရန်ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ထို့ပြင် အီရန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၀၄ ဦးရှိပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ စတင်ကာ လက်ရှိအချိန်အထိ သေဆုံးသူပေါင်း ၁၂၈၉၅၆ ဦးရှိလာကြောင်း သိရသည်။
အီရန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှဆင်းခွင့်ရရှိသူပေါင်း ၅၇၈၃၄၂၅ ဦးရှိလာကြောင်း နှင့် အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက် ရှိသူပေါင်း ၃၄၀၉ ဦးရှိကြောင်း သိရသည်။
အီရန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၆၆၅၃၉၄၇ ဦးရှိကြောင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၄၄၇၂၆၀၄၇ ဦးရှိကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်
n