အီရန်နိုင်ငံ အနောက်တောင်ပိုင်း၌ ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီ မီးလောင်မှုကြောင့် ခြောက်ဦးဒဏ်ရာရ  

 

 

တီဟီရန်   နိုဝင်ဘာ  ၂၂
အီရန်နိုင်ငံ  အနောက်တောင်ပိုင်းပြည်နယ်  ခူဇက်စတန်ပြည်နယ်  မက်ဂျက်စ်ဆူလေမန်မြို့ရှိ   ရေနံနှင့် ဓာတ်ငွေ့တူးဖော်ရေးကုမ္ပဏီ ၌  နိုဝင်ဘာ ၂၁ ရက်က  မီးလောင်မှုဖြစ်ပွားခဲ့ရာ လူခြောက်ဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဆေးရုံသို့ပို့ဆောင်
မီးလောင်ဒဏ်ရာများရရှိခဲ့သည့်     ကုမ္ပဏီဝန်ထမ်းတစ်ဦးကို  အာဗက်မြို့ဆေးရုံသို့     ပို့ဆောင်ပေးခဲ့ပြီး   အခြားအလုပ်သမား လေးဦးနှင့် မီးသတ်သမားတစ်ဦးတို့မှာ မီးခိုးငွေ့နှင့် ဓာတ်ငွေ့ရှူရှိုက် မိခြင်းတို့ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
မီးသတ်သမားများ ချက်ချင်းရောက်ရှိခဲ့
၎င်းတို့မှာ ကုသမှုခံယူပြီးနောက်  ဆေးရုံမှ    ဆင်းသွားကြပြီ ဖြစ်သည်။   မီးသတ်သမားများသည်    အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းရောက်ရှိခဲ့ကြသည်ဟု ကုမ္ပဏီဘက်မှ ပြောသည်။
ဆင်ဟွာ