
နေပြည်တော် စက်တင်ဘာ ၂၈
ကော်မရှင်အနေဖြင့် အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းများ ၏ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်မှုအနေ ဖြင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း (၃၈) ခုတွင် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့ (Corruption Prevention Unit - CPU) များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ CPU များကို ဖွဲ့စည်းခြင်းဖြင့် ဝန်ထမ်းများ အတွင်း အဂတိကင်းရှင်းစေရန်၊ ကြိုတင်ကာကွယ်မှုဖြစ်စေရန်နှင့် အသေးစား အဂတိလိုက်စားမှု (Petty Corruption) ကို ဟန်ချက် ညီညီ ထိရောက်စွာ တိုက်ဖျက် နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက ပြောကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်၏ ပြည်ထောင်စု ဝန်ကြီးဌာန / အဖွဲ့အစည်းများ တွင် အများပြည်သူထံမှ တုံ့ပြန် မှုရယူခြင်းအစီအစဉ် (Public Feedback Programme–PFP) အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌက CPU များ၏ လုပ်ငန်းများ ကို ထိရောက်စွာဆောင်ရွက်နိုင် ရန် အလုပ်ရုံဆွေးနွေးပွဲများ၊ နည်းပညာဆိုင်ရာ သင်တန်းများ ကို ကော်မရှင်အနေဖြင့် ပံ့ပိုး ကူညီ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကော်မရှင်အနေဖြင့် အများ ပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီ အစဉ်ကို အသုံးပြု၍ အသေးစား အဂတိလိုက်စားမှုများ လျှော့ချ နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ကော်မရှင် အပါအဝင် ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်း (၂၁) ခုမှာ တိုးချဲ့အသုံးပြုနိုင်ခဲ့ကြောင်း။
သက်ဆိုင်ရာ ဌာနများအနေ ဖြင့် ပြည်သူလူထု၏ တုံ့ပြန် အကြံပြုချက်များအပေါ် ဖြေရှင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက် နိုင်ခဲ့သည်များကိုလည်း တွေ့ရှိရ ကြောင်း၊ ထိုကဲ့သို့ အလေ့အကျင့် ကောင်းများကို စဉ်ဆက်မပြတ် ထိန်းသိမ်းသွားခြင်းဖြင့် ဌာန ဂုဏ်သိက္ခာအပြင် ဝန်ထမ်း တစ်ဦးချင်းစီ၏ ဂုဏ်သိက္ခာ ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုပါ မြှင့်တင်ပေးရာလည်း ရောက် ကြောင်း၊ ထပ်မံ၍ ပြည်ထောင်စု ဝန်ကြီးဌာန/အဖွဲ့အစည်း (၁၃) ခု မှ အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်း (PFP) အစီအစဉ်ကို ဆောင် ရွက်ရန် စိတ်ဝင်တစား ပူးပေါင်း ပါဝင်ပေးခြင်းအတွက် ကော်မရှင် အနေဖြင့် အသိအမှတ်ပြုပါ ကြောင်း ပြောကြားသည်။
ယင်းနောက် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီး ကာကွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် အသုံးပြုဆောင်ရွက်မှုနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များက အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (PFP) အသုံးပြုနိုင်ရေးနှင့် စပ်လျဉ်းသည်များကို ဆွေးနွေးခဲ့ ကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံး ချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်