အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂၈


အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည်   ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပူးပေါင်း၍  ကချင် ပြည်နယ်အစိုးရအဖွဲ့၌    ဖွဲ့စည်း ထားရှိသည့်     အဂတိလိုက်စားမှု တားဆီး        ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit- CPU)   ကို    အဂတိလိုက်စားမှု တားဆီး     ကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းကို     ယနေ့ နံနက်  ၉  နာရီခွဲက  ကချင်ပြည် နယ် အစိုးရအဖွဲ့ရုံး မလိခအစည်း အဝေးခန်းမ၌ ပို့ချသည်။

 


သင်တန်းတွင်      ကော်မရှင် အဖွဲ့ဝင်     ဦးအောင်မြင့်လွင်က အဂတိလိုက်စားမှု  တိုက်ဖျက်ရေး လုပ်ငန်းသည်     ကော်မရှင်တစ်ခု တည်းဖြင့်     ဆောင်ရွက်၍မရဘဲ ကဏ္ဍစုံမှ  ပူးပေါင်းဆောင်ရွက် မှသာ  ပိုမိုထိရောက်  အောင်မြင် နိုင်မည်ဖြစ်ပါကြောင်း၊    အဂတိ လိုက်စားမှု  အခွင့်အလမ်းများကို တားဆီးရန်    ဌာန၏     ဥပဒေ၊ စည်းမျဉ်း       စည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက် များရှိပါက      ဖော်ထုတ်ပြုပြင် ဆောင်ရွက်သွားရန်        လိုအပ် ကြောင်း၊     အဂတိလိုက်စားမှု ကြောင့် အဂတိလိုက်စားမှုတိုက် ဖျက်ရေး   ဥပဒေဖြင့်    အရေးယူ ဆောင်ရွက်ရပါက    နိုင်ငံတော် အနေဖြင့်    လူ့စွမ်းအားအရင်း အမြစ်များ ဆုံးရှုံးစေပါကြောင်း၊ အများပြည်သူ     ဝန်ဆောင်မှု လုပ်ငန်းများတွင် အများပြည်သူ ထံမှ     တုံ့ပြန်မှု    ရယူခြင်းအစီ အစဉ်    (Public    Feedback  Programme-PFP)     အသုံးပြု ခြင်းဖြင့် အများပြည်သူ၏ အကြံ ပြုချက်များ   ရယူ၍   အားနည်း ချက်များ        ပြုပြင်သွားပါက       ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု လုပ်ငန်းများ   ဖြစ်ပေါ်လာမည်ဖြစ် ကြောင်း ပြောကြားသည်။   

 


ယင်းနောက်    နိုင်ငံတကာ ရေးရာနှင့်    တားဆီးကာကွယ် ရေးဦးစီးဌာန   ဒုတိယညွှန်ကြား ရေးမှူးက  CPU  ၏  လုပ်ငန်း တာဝန်များ၊     တည်မြဲလုပ်ထုံး လုပ်နည်း (Standing Operat-ing Procedure - SOP) ၊ လုပ်ငန်း လမ်းညွှန် (Terms  of Reference-TOR)    ရေးဆွဲခြင်း၊     အဂတိ လိုက်စားနိုင်ခြေ    အန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း    (Corru-ption Risk Assessment - CRA)  အများပြည်သူထံမှ တုံ့ပြန်မှုရယူ ခြင်းအစီအစဉ် (Public Feedback Programme - PFP)        တို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့ လေ့ကျင့်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။ 
သတင်းစဉ်