အောင်သတင်း အငြိမ့်  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော် ဒီဇင်ဘာ ၂၂

 


အများပြည်သူ   ပျော်ရွှင်စေ ရန်၊    အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ   ရရှိနိုင် ရန်အတွက်  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေး         အစီအစဉ်များကို တိုးမြှင့်     တင်ဆက်လျက်ရှိ ရာ  “အောင်သတင်းအငြိမ့်”      ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၂၅ ရက်   စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင်     မြန်မာ့ အသံနှင့်   ရုပ်မြင် သံကြား၏    MRTV-HD Channel      မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို  ရွှေ ရှမ်းလေးက  စီစဉ်ပြီး ရွာစား စိန်မြတ်မော်    ဆိုင်းအဖွဲ့၏ တီးခတ်မှုနှင့်အတူ    ခေါင်း ဆောင်မင်းသမီး အိအိလင်း ၊ ရှေ့ထွက်မင်းသမီး  မေသင်း ခိုင်၊     လူရွှင်တော်များဖြစ် ကြသည့် ချစ်ဖူး ၊  အောင်ချစ်၊ ဒဲ့ဒိုးနှင့်   မိုး‌ကြယ်တို့က   ဖျော်ဖြေ  တင်ဆက်ကြမည် ဖြစ်သည်။

 


ထိုသို့    တင်ဆက်မှုကို ဒီဇင်ဘာ  ၂၉  ရက် (ဗုဒ္ဓဟူး နေ့) မွန်းလွဲပိုင်း  National News   အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံ ထုတ် လွှင့်  ပြသမည်ဖြစ်ကြောင်း သိရသည်။          

 

 သတင်းစဉ်