
မြစ်ကြီးနား သြဂုတ် ၁၉
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် ကချင် ပြည်နယ်လက်ရွေးစင် ဂျူဒို အသင်းအနေဖြင့် အမျိုးသားတံခွန် စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဖလား သုံးခုလုံး အပြင် အမျိုးသား/အမျိုးသမီး အကောင်းဆုံးဆုများကို ဆွတ်ခူး ရရှိခဲ့ပြီး သြဂုတ် ၁၈ ရက် ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည် ရောက်ရှိရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက သောင်း သောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ ကြသည်။
ထို့နောက် အောင်ပွဲရ လက်ရွေးစင် ဂျူဒိုအသင်းအား မြစ်ကြီးနားလေဆိပ်မှ မြို့တော် ခန်းမအထိ ဂုဏ်ပြုကြိုဆိုပွဲသို့ သွားရာ လမ်းတစ်လျှောက်တွင် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီး မှ ဝန်ထမ်းများ၊ ဒေသခံပြည်သူ များက လမ်းဘေးဝဲ/ယာ တစ်လျှောက်တွင် သောင်းသောင်း ဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး မြို့တော်ခန်းမ၌ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဂုဏ်ပြုကြိုဆိုခဲ့ကြ သည်။
ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ အောင်ပွဲရဂျူဒိုအသင်း က အသီးသီးမိတ်ဆက်ခဲ့ကြပြီး အသင်းနည်းပြတစ်ဦးက ပြိုင်ပွဲ ဝင်ရောက်ရေး ကြိုတင်ပြင်ဆင်ခဲ့မှု များနှင့် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်း တင်ပြကာ အမျိုးသား/အမျိုးသမီး တံခွန်စိုက် ဆုဖလားများနှင့် စုပေါင်းတံခွန်စိုက် ဆုဖလားများ ကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် ပြည်နယ်အမျိုးသမီး အားကစားဆပ်ကော်မတီ နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးတို့ထံ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့ကြ သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က မိမိတို့ကချင် ပြည်နယ်၏ ဂျူဒိုအားကစား သမိုင်းတွင် စံချိန်တင်ဆုများကို ရယူခဲ့ပြီး ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့်အတွက် ဝမ်း မြောက်ဝမ်းသာ ဂုဏ်ယူပါ ကြောင်း၊ ဆုတံဆိပ်များ ရယူခဲ့ကြ သည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ အားလုံး၊ ကချင်ပြည်နယ်သူ/ ပြည်နယ်သား များကိုယ်စား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြိုဆိုပါကြောင်း ဂုဏ်ပြု အားပေးစကားပြောကြားသည်။
အဆိုပါ အောင်ပွဲရ ကချင် ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်း အနေဖြင့် ၂၀၂၂ ခုနှစ် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပြိုင်ပွဲတွင် အမျိုးသားအသင်းလိုက် ပြိုင်ပွဲ တွင် ရွှေလေးခု၊ ငွေ ငါးခုဖြင့် အမျိုးသား တံခွန်စိုက်ဆုဖလားကို လည်းကောင်း၊ အမျိုးသမီးအသင်း လိုက် ပြိုင်ပွဲတွင် ရွှေခုနစ်ခု၊ ငွေ နှစ်ခု၊ ကြေးနှစ်ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုဖလားကို လည်း ကောင်း၊ စုစုပေါင်း ရွှေ ၁၁ ခု၊ ငွေ ခုနစ်ခု၊ ကြေးနှစ်ခုဖြင့် စုပေါင်း တံခွန်စိုက်ဆုဖလားကို လည်း ကောင်း စုစုပေါင်းတံခွန်စိုက် ဆုဖလား သုံးခုလုံးကို ရယူခဲ့သည့် အပြင် အမျိုးသား/ အမျိုးသမီး အကောင်းဆုံး ကစားသမားဆု များကိုလည်း ရရှိခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)