အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာတွင် အရာထမ်း ၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး စုစုပေါင်းနိုင်ငံ့ဝန်ထမ်း ၅၀၀ ကို နေရာချထားပေးပြီးဖြစ်

 

နေပြည်တော်  စက်တင်ဘာ  ၃


မန္တလေးတိုင်း        ဒေသကြီးရှိ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတွင်  ဌာနအလိုက် နေထိုင်သူ    နိုင်ငံ့ဝန်ထမ်း  အရာ ထမ်း ၆၈ ဦး၊ အမှုထမ်း ၄၃၂ ဦး၊ စုစုပေါင်းဝန်ထမ်း ၅၀၀ ကို နေရာ ချထားပေးပြီး ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း   ကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း    ကွင်း အမှတ်(၅၀၆)တွင်လည်း မင်္ဂလာ ရန်ကင်း     ပြည်သူ့အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 


ရှင်းလင်းတင်ပြ


ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး    ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက    မန္တလေး တိုင်းဒေသကြီးရှိ       အောင်မြေ မန္တလာ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းနှင့်   ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း   ကျေးရွာအုပ်စု ရေကြည်မြောက်ကွင်း       ကွင်း အမှတ် (၅၀၆) တွင်    ဆောင်ရွက် လျက်ရှိသည့်     မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ    စီမံကိန်း ရှင်းလင်းဆောင်များသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ       မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး       ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်နိုင်က စီမံကိန်းဧရိယာအတွင်း   လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ ကိုလည်းကောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန   ညွှန်ကြား ရေးမှူးက  စီမံကိန်းဆောင်ရွက် နေမှုနှင့် မြန်မာမြို့ပြနှင့် အခြေခံ အဆောက်အအုံ     ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များ      အသင်းနှင့် Myanmar Developer Associa-tion ကုမ္ပဏီလီမိတက်မှ တာဝန်ရှိ သူများက လုပ်ငန်းစီမံချက်တို့ကို လည်းကောင်း  ရှင်းလင်းတင်ပြကြ သည်။

 


ထို့နောက် ဒုတိယဝန်ကြီးက ဆောင်ရွက်ရန်ကျန် အဆောက် အဦ ၁၅ လုံးအား သတ်မှတ်ကာလ အတွင်း စီမံချက်အတိုင်းပြီးစီးရေး နှင့် ရေပေးဝေမှုစနစ် ဟန်ချက်ညီ ပြီးစီးရေးတို့ကို       မှာကြားကာ ဆောက်လုပ်ပြီး တိုက်ခန်းနေရာ များကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။

 


ကြည့်ရှုစစ်ဆေး


မွန်းလွဲပိုင်းတွင်       ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည်   မန္တလေး တိုင်းဒေသကြီး      မန္တလေးနည်း ပညာတက္ကသိုလ်    ပညာ့ရိပ်သာ အိမ်ရာကို         လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီး မျက်မှန်ရပ်ကွက်     (၆၆)လမ်း၊ (၂၇)လမ်းနှင့်   (၂၈)လမ်းကြားရှိ အဆောက်အဦ အထူးအဖွဲ့(၆)မှ တာဝန်ယူ ဆောက်လုပ်နေသည့် ခုတင်(၅၅၀)ဆံ့ ကလေးအထူးကု ဆေးရုံကြီးတွင်     တိုးချဲ့လူနာ ဆောင်  ရှစ်ထပ်   ဆောက်လုပ် ခြင်း  စီမံကိန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 


ဆောင်ရွက်ဆဲ လုပ်ငန်းများ နှင့် ဆောင်ရွက်ရန်ကျန်လုပ်ငန်း များ အား    လုပ်ငန်းစီမံချက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက် ရန်နှင့်     သတ်မှတ်စံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင် ရွက်ရန် မှာကြားခဲ့ကြောင်း သိရ သည်။

 


ထို့ပြင်   ဒုတိယဝန်ကြီးနှင့် အဖွဲ့သည်       နေပြည်တော်-မန္တလေးလမ်းပိုင်း       ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင်       သန္တိ သစ္စာကုမ္ပဏီက       B.O.T   စနစ် ဖြင့်    ဆောင်ရွက်လျက်ရှိသော မန္တလေး  -  မိုးကုတ်လမ်းပိုင်း မိုင်တိုင်အမှတ် ၁၂ မိုင် ၆ ဖာလုံမှ ၁၃ မိုင်အတွင်း ၂၄ ပေအကျယ် AC ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို   ကြည့်ရှု စစ်ဆေးပြီး  B.O.T  ကုမ္ပဏီများ အနေဖြင့်      လျာထားစီမံချက် လုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။                

သတင်းစဉ်