
သီပေါ ဩဂုတ် ၂၀
ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် အောက်စ်ဖို့ ဆရာတော် ဒေါက်တာအရှင် ဓမ္မသာမိ ဆရာတော်ကြီးသည် ယနေ့နံနက်ပိုင်းက သီပေါ မြို့နယ် ပေါ်ကြိုကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ပေါ်ကြိုမုဋ္ဌောစေတီ တော်မြတ်ကြီးသို့ ကြွရောက် ဖူးမြော်ကြည်ညိုတော်မူရာ ပေါ် ကြိုဘုရားကြီး ဂေါပကအဖွဲ့က ဘုရားကြီးမုခ်လေး လေးမုခ်၌ ကိန်းဝပ်စံပယ်တော်မူသော ရတနာ ရန်အောင်၊ ရတနာမာန်အောင်၊ ရတနာဉာဏ်အောင်နှင့် ရတနာ စျာန်အောင် မြတ်ဘုရားလေးဆူ တို့၏ ရုပ်ပွားတော်များကို ဆရာ တော်ကြီးအား ဆက်ကပ်လှူဒါန်း သည်။
ဆက်လက်၍ မြို့နယ်သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တမိလိန္ဒ အရှင်သူမြတ်၏ အောင်မင်္ဂလာ ဘိုးတော်ကျောင်း တိုက်သို့ ကြွရောက်တော်မူပြီး သံဃာတော်များနှင့် ရှင်သာမ ဏေများတွေ့ဆုံပွဲ အခမ်းအနား တွင် ပါမောက္ခချုပ် အောက်စ်ဖို့ ဆရာတော်ကြီးက နိုင်ငံတကာ၏ ပရိယတ္တိ သင်ရိုးညွှန်းတမ်းများ၊ ရှမ်းပြည်နယ်အတွင်း ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွား ရေးနှင့် မျိုးဆက်သစ် ရဟန်း သာမဏေကျော်များ ပေါ်ထွန်း လာရေးဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးကြပြီး ကြွရောက်လာကြသည့် ရဟန်း သာမဏေများက သိရှိလိုသည် များ မေးမြန်းလျှောက်ထားသည်။
အဆိုပါ ပါမောက္ခချုပ် အောက်စ်ဖို့ ဆရာတော်ကြီးအား မြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် ရဟန်း သာမဏေ အပါး ၁၅၀ နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးဝင်း၊ မြို့နယ်သာသနာ ရေးမှူး၊ မြို့နယ်ဥပတ္ထမ္ဘက အဖွဲ့ ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုကြကြောင်း သိရ သည်။
စိုင်း(သီပေါ)