အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု(PPP) ဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်ကြပါစို့

Type
5

 

ရွှေရည်လင်း

 

အစိုးရ  -  ပုဂ္ဂလိက   ပူးပေါင်းဆောင်ရွက်မှုကို ဘယ်အချိန်က စတင်ခဲ့သလဲ


အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှု  သမိုင်း ကြောင်းကို  ပြန်ပြောင်းလေ့လာပါက  နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က  ရောမအင်ပါယာမှ  စတင်ခဲ့ပြီး ရောမသမိုင်း၌       စာတိုက်လုပ်ငန်းကွန်ရက်နှင့် အဝေးပြေးလမ်းများ  တိုးချဲ့ခြင်းတို့တွင်  အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှု  စတင်ခဲ့ကြောင်း တွေ့ရှိရပါသည်။    သိုလှောင်ရုံများ၊    အလုပ်ရုံများ၊ ဟိုတယ်များ စသည့်လုပ်ငန်းများကို  ပုဂ္ဂလိကက တည်ဆောက်ပြီး ငါးနှစ်တာကာလ စီမံခန့်ခွဲမှုများ ဖြင့်   ဆောင်ရွက်ခဲ့ပါသည်။  အဝေးပြေးလမ်းများ ပြင်ဆင်ထိန်းသိမ်းခြင်းများကို ယှဉ်ပြိုင်တင်ဒါစနစ် ဖြင့် မြူနီစီပယ်အဖွဲ့များက လုပ်ငန်းအပ်နှံခဲ့ပါသည်။  ရောမတွင်  ဆိပ်ကမ်းနှင့်  ကုန်းတွင်းဆိပ်ကမ်းများ တည်ဆောက်ခြင်းလုပ်ငန်းများ၌  လုပ်ငန်းအပ်နှံမှု ဖြင့် သိသိသာသာဆောင်ရွက်ခဲ့ကြပါသည်။

 


ရောမအင်ပါယာ    ကျဆုံးပြီးသည့်နောက်တွင် အဆိုပါ  လုပ်ထုံးလုပ်နည်းများ   ကွယ်ပျောက်ခဲ့ပြီး အလယ်ခေတ်  ခိုင်ခံ့သည့်   မြို့ပြတည်ဆောက်ရေး လုပ်ငန်းနှင့်   ၁၂ ရာစုနှင့် ၁၃ ရာစုအတွင်း  ပြင်သစ် နိုင်ငံ၏     အနောက်တောင်ပိုင်းဒေသ    မြေယာ ဖော်ထုတ်ခြင်းများတွင် ပြန်လည်ဆောင်ရွက်လာခဲ့ ကြောင်း  တွေ့ရပါသည်။  မြို့ပြတည်ဆောက်ရေး အတွက်  အလုပ်ကန်ထရိုက်ပုံစံဖြင့်   တစ်ရွာလုံးမှ စုပေါင်းဆောင်ရွက်ပြီး ကျေးလက်ဒေသများ ဖွံ့ဖြိုး ရေးကို ဦးတည်ခဲ့ပါသည်။ ထို့ပြင် လူမှုအဖွဲ့အစည်း များအတွင်း တံတားများ၊ လမ်းများနှင့် ဆက်စပ်နေ သည့်   လုပ်ငန်းများ၌    ဝင်ရောက်လုပ်ကိုင်ပြီး အလယ်ခေတ်  ဓလေ့ထုံးစံကို  တည်ဆောက်ခဲ့ကြ ပါသည်။

 


၁၆ ရာစု နှင့် ၁၇ ရာစုတွင် ပြင်သစ်၌ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်သည့် တူးမြောင်း တည်ဆောက်ခြင်း၊ လမ်းခင်းခြင်း၊ အမှိုက်သိမ်းခြင်း၊ လမ်းမီးကိစ္စရပ်များ၊  စာဖြန့်ဝေခြင်းနှင့်  ပြည်သူ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လာခဲ့ပါသည်။

 


၁၉ ရာစု၌  ဥရောပတွင်  စက်မှုလုပ်ငန်းများ ထွန်းကားပြီးသည့်နောက်၌ မြို့ပြဖြစ်ထွန်းမှုများ လျင်မြန်စွာ တိုးတက်လာခြင်းနှင့်အတူ ပို့ဆောင်ရေး ကွန်ရက်များတိုးတက်လာခြင်းနှင့် မီး ၊ ရေ စသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးချဲ့လာနိုင်ခြင်း သည် ပုဂ္ဂလိကကဏ္ဍအတွက် ရွှေခေတ်သို့ ရောက်ရှိ ခဲ့သည်ဟု  ဆိုကြပါသည်။  ဥရောပ၌  ရထားလမ်း ကွန်ရက်များကိုလည်း       ဖြေလျှော့မှုပေးသည့် လုပ်ငန်းများအဖြစ် ဆောင်ရွက်လာသည်ကို တွေ့ရ ပါသည်။     ၂၀ ရာစုတွင်     ဥရောပနိုင်ငံများ၏ လမ်းကြောင်းပြောင်းလဲလာပြီး   စစ်ပွဲများကြောင့် စီးပွားရေးဆုတ်ယုတ်လာခဲ့သဖြင့်      ယင်းတို့၏ ကန်ထရိုက် စာချုပ်များ  ရပ်ဆိုင်းခဲ့ရပါသည်။ ပထမ ကမ္ဘာစစ်နောက်ပိုင်းမှ   ၁၉၈၂ ခုနှစ်   အစောပိုင်း ကာလအထိ အခြေခံအဆောက်အအုံ တည်ဆောက် မှုများကို အစိုးရ၏ ငွေကြေးစိုက်ထုတ်မှုဖြင့် အများ ဆုံး  ဆောင်ရွက်ခဲ့ပါသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စီးပွားရေးအသွင်ကူးပြောင်းသည့်     နိုင်ငံများ၌ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်      ပုဂ္ဂလိက ငွေကြေးအနည်းငယ် စိုက်ထုတ်မှုများဖြင့် စတင် ဆောင်ရွက်ခဲ့ပါသည်။ ခြွင်းချက်အနေဖြင့် ဥရောပ၌ ၁၉၆၀ ပြည့်နှစ်များတွင်     လမ်းအသုံးပြုခများ ကောက်ခံသည့်       မော်တော်ကားလမ်းများ တည်ဆောက်ခြင်းကို ပုဂ္ဂလိက ကုမ္ပဏီအစုအဖွဲ့များ၊ ဘဏ်များနှင့် ကန်ထရိုက်များက ဆောင်ရွက်ခဲ့သည် ကို တွေ့ရပါသည်။ ၁၉၇၀ ပြည့်နှစ်များတွင် ဖြစ်ပွား သည့်  ကမ္ဘာ့ရေနံဂယက်ကြောင့်  ငွေကြေးအခက် အခဲများ ဖြစ်ပေါ်လာသဖြင့်  နိုင်ငံပိုင် လုပ်ငန်းအဖြစ် ပြန်လည် ဆောင်ရွက်လာသည်များလည်း ရှိခဲ့ပါ သည်။

 


အမေရိကန်ပြည်ထောင်စု၌ ပို့ဆောင်ရေးအခြေ ခံ အဆောက်အအုံဖွံ့ဖြိုးရေးတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့်   ထင်ထင်ရှားရှား မတွေ့ရသော်လည်း    တူးမြောင်းဖောက်လုပ်ခြင်း၊ ရထားလမ်းများနှင့်       ခေတ်မီလမ်းမကြီးများ၌ ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှုများ  ရှိခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်များ၌  National Highway Trust Fund ကို လောင်စာဆီ တစ်ဂါလန် သုံးစွဲမှု၌ ၀ ဒသမ ၀၀၄ ဒေါ်လာဖြင့် အခွန်ကောက်ခံ၍ ပြည်နယ် အချင်းချင်း  ချိတ်ဆက်သည့်လမ်းများ၌   အဆင့် မြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 

 


၁၉၈၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်များ၌ စက်မှု ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်     ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖြေလျှော့မှုများမှ  အခြေခံအဆောက်အအုံများကို ပုဂ္ဂလိကပိုင်   ပြုလုပ်ရေးကို  ဦးတည်လာပါသည်။ အာရှဒေသ၌ ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများ တွင် အစိုးရ-ပုဂ္ဂလိက    အစီအစဉ်များ    ပေါင်းစည်း ဆောင်ရွက်ခြင်းနှင့် တိုးချဲ့ခြင်းများ  ပေါ်ထွက်လာ ခဲ့ပါသည်။

 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ဖို့ 
ဘာကြောင့် လိုအပ်တာလဲ 


ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေခံ အဆောက် အအုံ  ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လိုအပ်ချက်များ ရှိနေဆဲဖြစ်ပြီး  အစိုးရတစ်ခုတည်း၏  ရင်းနှီးမြှုပ်နှံမှု တစ်မျိုးတည်းဖြင့်ဆောင်ရွက်ရန်   အခက်အခဲများ ရှိပါသည်။ Global Infrastructure Hub ၏ အဆို အရ ၂၀၄၀ ပြည့်နှစ်တွင် အခြေခံအဆောက်အအုံ အတွက်  ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ ၁၅ ထရီလီယံအထိ        ရှိနိုင်ကြောင်း ဖော်ထုတ်ထားပါသည်။  ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခြေခံအဆောက်အအုံ အတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ထရီလီယံ မှ ၁ ဒသမ ၅ ထရီလီယံအကြား လိုအပ်ချက်ရှိနေသောကြောင့်  အခြေခံအဆောက် အအုံလိုအပ်ချက်ကို       ဖြည့်ဆည်းရန်အတွက် ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှု   လိုအပ်လာပြီး အမှန်တကယ်   လုပ်ငန်းဆောင်ရွက်မည့်သူများ လိုအပ်လျက်ရှိပါသည်။ 

 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနှင့် စပ်လျဉ်း ၍ အားလုံးလက်ခံထားသည့် အဓိပ္ပာယ် ဖွင့်ဆိုချက် ရှိပါသလား
အစိုးရ-ပုဂ္ဂလိက   ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍  တစ်ကမ္ဘာလုံးက  လက်ခံထားပြီး စံပြုထားသည့်  အဓိပ္ပာယ်ဖွင့်ဆိုချက်  မရှိသေး သည်ကို  တွေ့ရပါသည်။  အစိုးရနှင့်  ပုဂ္ဂလိကအဖွဲ့ အစည်းများအကြား ပုံစံမျိုးစုံနှင့်  သဘောတူညီမှု ပြု၍   ကာလရှည်စာချုပ်ချုပ်ဆိုပြီး    လုပ်ငန်း ဆောင်ရွက်နေသည်ကို  တွေ့ရပါသည်။  အစိုးရနှင့် ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်သည့်အခါ  စွန့်စားမှု (risk) ကို     ခွဲဝေယူခြင်းဖြစ်ပြီး    နှစ်ဖက်အကျိုး အတွက် ဆောင်ရွက်နိုင်မှသာ ရေရှည်တွင် လုပ်ငန်း တည်တံ့ခိုင်မြဲမည် ဖြစ်ပါသည်။

 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ဖို့ ဘာတွေလိုသလဲ


အစိုးရ-ပုဂ္ဂလိက     ပူးပေါင်းဆောင်ရွက်မှု အောင်မြင်ရန်အတွက်  လုပ်ငန်းစီမံကိန်း (project)၊ လုပ်ငန်းစဉ် (process) နှင့်     အစိုးရနှင့် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မည့်  မိတ်ဖက်အဖွဲ့အစည်း/ ကုမ္ပဏီ (partner) ကောင်းများဖြစ်စေရေး  အလွန် အရေးကြီးပါသည်။ အဆိုပါ ကိစ္စရပ်များမှာ လွဲချော် မှုရှိခဲ့လျှင် အောင်မြင်သည့်လုပ်ငန်းဖြစ်ရန် ခဲယဉ်း ပါသည်။   ထို့ကြောင့်    အစိုးရ၏   လုပ်ငန်းစီမံကိန်း ရွေးချယ်မှုနှင့်    လုပ်ငန်းစဉ်အဆင့်ဆင့်မှာ    အထူး အလေးထားရမှာဖြစ်သကဲ့သို့  လုပ်ငန်းဆောင်ရွက် မည့်သူများကလည်း  လက်တွေ့ဆောင်ရွက်နိုင်မည့် သူများဖြစ်ရန်လည်း အထူးလိုအပ်ပါသည်။ လုပ်ငန်း စဉ်တွင်လည်း  မူဘောင် (framework) နှင့်  ဥပဒေ (law) ရှိဖို့လိုအပ်ကြောင်းထောက်ပြသည့်   ပညာရှင် များ ရှိသကဲ့သို့ အကောင်အထည်ဖော်ခြင်း (imple- mentation) အရေးကြီးကြောင်းကိုလည်း ဝေဖန် ပြောဆိုမှုများလည်း  ရှိပါသည်။  မည်သို့ပင်  ဆိုစေ ကာမူ လက်တွေ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် ဖြစ်စေရေးနှင့်    နိုင်ငံတော်အတွက်   ဘဏ္ဍာငွေ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးသည်  အရေးကြီးပါသည်။ အစိုးရ-ပုဂ္ဂလိက     ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်မည့်  လုပ်ငန်းစဉ်များနှင့် တည်ဆဲ စည်းမျဉ်းစည်းကမ်းများနှင့်   ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်စေရေးကိုလည်း    ချိန်ညှိဖို့လိုမှာ ဖြစ်ပါသည်။  ဥပဒေမရှိလျှင် PPP  မူဘောင်တစ်ခု ရှိသင့်ကြောင်း သုံးသပ်ရရှိပါသည်။

 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် ပုဂ္ဂလိကဘက်မှ အမြဲတောင်းခံလေ့ရှိသည့် ကိစ္စ ရပ်မှာ အစိုးရ၏ အာမခံချက် (Government Guar- antee)  ဖြစ်ပါသည်။  အစိုးရအနေဖြင့်  စီမံကိန်း၏ စရိတ်နှင့် ပြန်ရချက်ကို စိစစ်ထားခြင်းမရှိဘဲ အာမခံ ပေးပါက  ဆုံးရှုံးနိုင်ဖွယ်များရှိနိုင်သဖြင့်  ဈေးကွက် အခြေအနေကိုလည်း   သုံးသပ်ထားရန်   လိုအပ်ပါ သည်။ 
အစိုးရက စီးပွားဖြစ်ဆောင်ရွက်နိုင်ရန် လိုအပ် ချက်အတွက် ငွေကြေးထောက်ပံ့မှု (Viability Gap Funding- VGF) ပုံစံဖြင့် ဖြည့်ဆည်း ဆောင်ရွက်မှု များလည်း ရှိပါသည်။  အခြားနိုင်ငံများ၌  အနည်းဆုံး ဖြည့်ဆည်းသည့်  ပမာဏဖြစ်ရန်  သတ်မှတ်ထားခြင်း များရှိပြီး     စုစုပေါင်း     စီမံကိန်းတန်ဖိုးအပေါ် ရာခိုင်နှုန်းသတ်မှတ်၍    ဖြည့်ဆည်းမှုများလည်း တွေ့ရပါသည်။ ဥပမာ - အိန္ဒိယနိုင်ငံအနေဖြင့် ကုမ္ပဏီ များမှတင်ပြသည့်   လိုအပ်ချက်သည် အနည်းဆုံး ပမာဏဖြစ်ရန်နှင့်  စီမံကိန်းတန်ဖိုး၏  ၂၀ ရာခိုင်နှုန်း ကျော်လွန်မှုမရှိစေရန် သတ်မှတ်ထားပြီး VGF ပံ့ပိုး ပေးမည့် ကဏ္ဍများကိုလည်း သတ်မှတ်ထားသည်ကို တွေ့ရပါသည်။   မြန်မာနိုင်ငံအနေဖြင့်   ကဏ္ဍနှင့် ပမာဏသတ်မှတ်ချက်မရှိဘဲ  ယှဉ်ပြိုင်တင်ဒါစနစ် (သို့မဟုတ်) Swiss Challenge တင်ဒါစနစ်ကို အသုံး ပြုလျှင် အစိုးရ၏ အထောက်အပံ့ကို အာမခံပုံစံဖြင့် လည်းကောင်း၊  VGF ပုံစံဖြင့် သော်လည်းကောင်း၊ အခြားပုံစံဖြင့်သော်လည်းကောင်း ရယူနိုင်ကြောင်း ကို စီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက်၌ ဖော်ပြ ထားပါသည်။ 

 


အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှုပုံစံအဖြစ် ယူဆနေသည့် လွဲမှားမှုများ 


အစိုးရမှ    နှစ်စဉ်     ဘတ်ဂျက်စိုက်ထုတ်ပြီး ပုဂ္ဂလိကမှ  ဆောင်ရွက်လိုသူများကို  တင်ဒါဖြင့် ရွေးချယ်၍ ဆောင်ရွက်သည့် တည်ဆောက်ခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်းများသည်  အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု      လုပ်ငန်းစဉ်မဟုတ်ပါ။ အဆိုပါ  လုပ်ငန်းစဉ်များမှာ  သမားရိုးကျ ဝယ်ယူ ရေးလုပ်ငန်းစဉ်များသာ ဖြစ်ပါသည်။ တည်ဆောက် ခြင်း၊   ဒီဇိုင်းဆွဲခြင်း၊    အင်ဂျင်နီယာလုပ်ငန်းများ အတွက်   ကန်ထရိုက်အား   လုပ်ကိုင်ခွင့်ပေးသည့် လုပ်ငန်းစဉ်များသာ ဖြစ်ပါသည်။ ထို့ပြင်  ဌာနပိုင် မြေများ၊  အဆောက်အအုံများအား   ပုဂ္ဂလိကသို့ ငှားရမ်းလုပ်ကိုင်စေခြင်းသည်လည်း     အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှု   ပုံစံမဟုတ်ပါ။ နိုင်ငံတော်အနေဖြင့်    ငှားရမ်းခကိုသာရရှိနေခြင်း ဖြစ်သဖြင့်  သမားရိုးကျဝယ်ယူရေး  လုပ်ငန်းစဉ်များ သာ ဖြစ်ပါသည်။

 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု
နည်းလမ်းပုံစံများ


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများကို နည်းလမ်းပုံစံမျိုးစုံဖြင့် ဆောင်ရွက်သည်ကို တွေ့ရှိ ရပါသည်။  ငွေလုံးငွေရင်း  ပိုင်ဆိုင်မှု၊  ရင်းနှီးမြှုပ်နှံ မှုအတွက် တာဝန်ယူဆောင်ရွက်မှု၊ စွန့်စားရမှုအပေါ် ယူဆချက်နှင့် စာချုပ်သက်တမ်းတို့အပေါ် မူတည်၍ ကွဲပြားသည့်  ပူးပေါင်းဆောင်ရွက်မှုပုံစံများဖြင့် ဆောင်ရွက်ပါ သည်။  အဆိုပါ   ပုံစံများမှာ Design-Build-Operate and Maintain (DBOM), Design-Build-Finance-Operate and Maintain (DBFOM), Design- Build-Finance-Operate and Transfer (DBFOT), Build-Operate-Transfer (BOT), Build-Own-Operate-Transfer (BOOT),  Build-Transfer-Operate (BTO), Build-Transfer-Lease (BTL) , Operation and Management (O&M) စသည်တို့ ဖြစ်ပါသည်။ 

 


အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်မှုအတွက် ငွေကြေး အရင်းအမြစ်များ 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင်  လုပ်ငန်းစီမံကိန်း  အကောင်အထည်ဖော်သည့်ဌာန၊ အဖွဲ့အစည်း၊   ပုဂ္ဂလိကကုမ္ပဏီများက   ယင်းတို့ ပိုင်ဆိုင်သည့်  အရင်းအနှီးများမှ ကျခံသုံးစွဲခြင်းနှင့်  ငွေကြေးအဖွဲ့အစည်းများ၏ ကြွေးမြီမှ ကျခံခြင်းတို့ ဖြစ်ပါသည်။ အဆိုပါ ငွေကြေးထည့်ဝင်သုံးစွဲမှု ကိစ္စ ရပ်များအတွက် ကြွေးမြီနှင့်  ပိုင်ဆိုင်မှုကို   အချိုး သတ်မှတ်၍       ထည့်သွင်းစဉ်းစားကြပါသည်။ ယေဘုယျအားဖြင့် ကြွေးမြီနှင့် ပိုင်ဆိုင်မှုအချိုးသည်  ၆၀ : ၄၀ ၊ ၈၀ : ၂၀ ကြားတွင်ရှိကြောင်း    တွေ့ရပါ သည်။ အချို့လုပ်ငန်းစီမံကိန်းများတွင် ယခုဖော်ပြ သည့်  အချိုးထက်နည်းခြင်း၊  များခြင်းများလည်း ရှိပါသည်။

 

 မြန်မာနိုင်ငံအနေဖြင့်    စီမံကိန်းဘဏ် ဆိုင်ရာညွှန်ကြားချက်၌ ပိုင်ဆိုင်မှုအချိုးသည် ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၅၀ အထိ တွင်    မတည်ငွေရင်း၏ ၃၀ ရာခိုင်နှုန်းအောက် မလျော့ရန်နှင့်  ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၅၀ ထက်ပိုသော   ရင်းနှီးမြှုပ်နှံမှုတွင် မတည်ငွေရင်း၏ ၂၀ ရာခိုင်နှုန်းအောက် မလျော့ ရန်ဟု ဖော်ပြထားသဖြင့် အမေရိကန်ဒေါ်လာသန်း ၅၀ အထိ ရင်းနှီးမြှုပ်နှံမှု၌ ကြွေးမြီနှင့် ပိုင်ဆိုင်မှု အချိုးကို ၇၀ : ၃၀ ၊ အမေရိကန်ဒေါ်လာသန်း ၅၀ ထက်ကျော်ပါက ၈၀ : ၂၀ ဖြစ်ရန် လိုအပ်ကြောင်း တွေ့ရပါသည်။

 


အစိုးရ-ပုဂ္ဂလိက လုပ်ငန်းများ၌ ငွေကြေးကျခံမှု ကိုကြည့်ပါက  သုံးစွဲသူကပေးချေခြင်း (User’s pay)၊ ဥပမာ- လမ်းသုံးစွဲခအတွက် လမ်းအသုံးပြုသူများ ထံမှကောက်ခံခြင်း၊ အစိုးရက ပေးချေခြင်း (Gover- nment pay)၊ ဥပမာ- ဝန်ဆောင်မှုပေးသည့် အရေ အတွက်ပေါ်မူတည်ပြီး    စာချုပ်အရ   ပေးချေရန်ရှိ သည့်ပမာဏကို  အစိုးရမှ  ပေးချေခြင်း၊   ပူးပေါင်း ကျခံခြင်း (Copays) ဟုခေါ်သည့်  အသုံးပြုသူနှင့် အစိုးရတို့မှ  ကျခံခြင်းတို့ဖြစ်ပါသည်။   သို့ဖြစ်ရာ PPP ဖြင့်ဆောင်ရွက်သည့်   လုပ်ငန်းများအတွက်  ဝယ်လိုအားလိုအပ်ချက်ပေါ် ဆန်းစစ်ခြင်း  (Dema- nd Analysis) ၊ ရောင်းလိုအား ပံ့ပိုးနိုင်မှုကို ဆန်းစစ် ခြင်း (Supply Analysis) တို့ ဆောင်ရွက်ရန် လိုအပ် သည့်အပြင် လုပ်ငန်းမှ အဓိကရရှိနိုင်မည့် ဝင်ငွေ အရင်းအမြစ်နှင့်  အဆိုပါဝင်ငွေမရရှိပါက အခြား ရရှိနိုင်မည့်  ဝင်ငွေအရင်းအမြစ်  ရှိနိုင်၊  မရှိနိုင် တို့ကိုလည်း   ဆန်းစစ်ထားရန်   လိုအပ်ပါသည်။ ထို့ပြင် ယင်းတို့အပေါ်ဖြစ်ပေါ်လာသည့် risk ကို လည်း မည်သို့စီမံခန့်ခွဲဆောင်ရွက်မည်ကို ထည့်သွင်း စဉ်းစားရန်   လိုအပ်ပါသည်။    အစိုးရအနေဖြင့်  လုပ်ငန်းဆောင်ရွက်နိုင်မှုအပေါ်    ပေးချေမည်  ဖြစ်သဖြင့်  ပေးဆောင်သည့်   ဝန်ဆောင်မှုလုပ်ငန်း များ၏   အရည်အသွေးမီရန်  လိုအပ်သည့်အပြင် လိုအပ်သည့်ပမာဏအတိုင်း  ဝန်ဆောင်မှုပေးနိုင် ရေးကိုလည်း လုပ်ငန်းဆောင်ရွက်သူက တာဝန်ယူ ရမည်ဖြစ်ပါသည်။ အစိုးရဘက်ကလည်း အာမခံ ထားသည့်ပမာဏအတိုင်း     ဝယ်ယူနိုင်ရေးကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

 


အစိုးရ-ပုဂ္ဂလိက  ပူးပေါင်းဆောင်ရွက်သည့် 
နယ်ပယ်များ


ကမ္ဘာ့နိုင်ငံများ၏ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်သည့် နယ်ပယ်များအနက် အများစုမှာ ပို့ဆောင်ရေး၊ စွမ်းအင်၊ လျှပ်စစ်၊ အိုင်တီ၊ အိမ်ရာနှင့် ဝန်ဆောင်မှု၊  ကျန်းမာရေးနှင့်  ပညာရေးလုပ်ငန်း များဖြစ်ကြောင်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် အိုင်စီတီ၊ လျှပ်စစ်၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းများ တွင် အများဆုံးတွေ့ရပြီး လမ်းလုပ်ငန်းများ၌ လမ်း အဆင့်မြှင့်တင်၍ BOT စာချုပ်ချုပ်ဆို လုပ်ကိုင်မှု များကိုလည်း တွေ့ရှိရပါသည်။

 


အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စီမံကိန်းစက်ဝန်း 


အစိုးရ-ပုဂ္ဂလိက    ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံကိန်းစက်ဝန်း၌ အဆင့် (၆)ဆင့် ရှိပါ သည်။ ယင်းတို့မှာ-
(၁)    လုပ်ငန်းစီမံကိန်းကို   ခွဲခြားစိတ်ဖြာခြင်းနှင့် စိစစ်ခြင်း (Identification and Screening)- အဆို ပါအဆင့်တွင်     စီးပွားရေးဆိုင်ရာ   ဆန်းစစ်ချက်၊ စရိတ်နှင့်  အကျိုးပြန်ရချက်ဆန်းစစ်ခြင်းနှင့် PPP ပုံစံဖြင့် ဆောင်ရွက်နိုင်ခြင်း ရှိ၊ မရှိကို အဓိကထား၍ စိစစ်ဆောင်ရွက်ပါသည်။

 


(၂)    စိစစ်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်း (Appraisal and Preparation)- နည်းပညာဆိုင်ရာဆန်းစစ် ချက်၊ စီးပွားရေး ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်ချက်၊ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်းများ၊ ကုန်ကျခံ သည့် ငွေကြေးအတိုင်း  ပြန်လည်ရရှိနိုင်မှု  အခြေ အနေဆန်းစစ်ချက်၊ စွန့်စားရမှုဆိုင်ရာ ဆန်းစစ်ချက်၊ ဒီဇိုင်းရေးဆွဲခြင်းနှင့် ဝယ်ယူရေးဆိုင်ရာ စီမံချက်များ ပြင်ဆင်ခြင်းစသည့် လုပ်ငန်းစဉ်များ    ပါရှိပါသည်။

 


(၃)    ပုံစံရေးဆွဲခြင်းနှင့် မူကြမ်းပြင်ဆင်ခြင်း (Struc- turing and Drafting)- ဤအဆင့်တွင် စီမံကိန်း အတွက် ဘဏ္ဍာငွေ ကျခံမှုပုံစံ၊ အမြတ်ခွဲဝေသည့် အကျိုးခံစားခွင့်ဆိုင်ရာ ပြင်ဆင်ခြင်း၊ တင်ဒါအတွက် လိုအပ်သည့်အရည်အသွေး    စံချိန်စံညွှန်းများ ပြင်ဆင်ခြင်း၊   စာချုပ်မူကြမ်း    ပြင်ဆင်ခြင်းများ ပါဝင်ပါသည်။

 


(၄)    တင်ဒါခေါ်ယူခြင်း  (Tender)-   ဤအဆင့်တွင် တင်ဒါခေါ်ယူခြင်း၊ အရည်အချင်းပြည့်မီသည့် တင်ဒါ တင်သွင်းသူအား  ရွေးချယ်ခြင်း၊  စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းခြင်းနှင့် စာချုပ်ချုပ်ဆိုခြင်းစသည့် လုပ်ငန်း စဉ်များ ပါဝင်ပါသည်။

 


(၅)    စာချုပ်စီမံခန့်ခွဲခြင်း၊ တည်ဆောက်ရေး(Cont- ract Management- Construction)-  ဤအဆင့်၌ စာချုပ်ပါအတိုင်း    ဆောင်ရွက်နိုင်ရေးအတွက် တည်ဆောက်ရေးကာလအတွက်   လိုအပ်သည့် ကြီးကြပ်မှုများဆောင်ရွက်ခြင်း၊   ပူးတွဲကျခံမှုများ အတွက်    ပေးချေရန်   ဆောင်ရွက်ခြင်းတို့အပြင် ကြီးကြပ်မှုဗျူဟာအရ    အကောင်အထည်ဖော်မှု အပေါ်ကြီးကြပ်ခြင်း၊ စီမံကိန်းအတွက် ထိခိုက်နိုင် ခြေရှိသည့်  risk အပေါ် စီမံခန့်ခွဲခြင်း၊ စီမံကိန်းကာလ မတိုင်မီ စာချုပ်ရပ်စဲမှုများအပါအဝင် အခြားအငြင်း ပွားမှုများအပေါ်  စီမံခန့်ခွဲခြင်း၊  သတင်းအချက် အလက်များအပေါ် စီမံခန့်ခွဲခြင်း စသည့်လုပ်ငန်း စဉ်များ ပါဝင်ပါသည်။
(၆)    စာချုပ်စီမံခန့်ခွဲခြင်း၊ လုပ်ငန်းဆောင်ရွက်ခြင်း (Contract Management- Operation)- ဤအဆင့် ၌ လုပ်ငန်းလည်ပတ်မှုကို ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက်  စီမံခန့်ခွဲခြင်း၊  လုပ်ငန်းပြန်လည် လွှဲပြောင်းနိုင်ရေး (Hand Back) အတွက် စီမံခန့်ခွဲ ခြင်း စသည်တို့ပါဝင်ပါသည်။

 


သို့ဖြစ်ရာ အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက် ရာ၌ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင်  လုပ်ငန်း ဆောင်ရွက်မှုအပေါ် ဆက်လက်ကြီးကြပ် ဆောင်ရွက် ရန် လိုအပ်ပါသည်။ သို့မှသာ နောက်ပိုင်းတွင် နိုင်ငံ တော်မှ လုပ်ငန်းလွှဲပြောင်းလက်ခံရာတွင် လုပ်ဆောင် မှုကောင်းကောင်းဖြင့်    စွန့်စားမှုအနည်းဆုံးဖြင့် ပြန်လည်လွှဲပြောင်း ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

 


ပူးပေါင်းဆောင်ရွက်မှုများမှ  လုပ်ငန်းစီမံကိန်းများ အောင်မြင်ရေး


အစိုးရနှင့် ပုဂ္ဂလိက နှစ်ဦးနှစ်ဖက် အကျိုးရှိစေ ရေးအတွက်     အစိုးရ-ပုဂ္ဂလိက    လုပ်ငန်းများ ဆောင်ရွက်ရာတွင်  နိုင်ငံတော်မှ  ဆောင်ရွက်ပေး နိုင်သည့်    သတ်မှတ်ချက်များအတွင်း   ပုဂ္ဂလိက လုပ်ငန်းရှင်များကလည်း        အမှန်တကယ် ဆောင်ရွက်နိုင်မည့်  ကျွမ်းကျင်ရာနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု  တိုးမြှင့်ရန်လိုအပ်ပါသည်။ ထို့ပြင် ပုဂ္ဂလိက လုပ်ငန်းများအနေဖြင့် ကော်ပိုရိတ် အုပ်ချုပ်မှု     (corporate governance)ပုံစံ ကောင်းမွန်ရေး အရေးကြီးပါသည်။ နိုင်ငံတော် အနေဖြင့်လည်း မူဝါဒပိုင်း  တည်ငြိမ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုတွင်    လုပ်သာကိုင်သာရှိသည့်     ဝန်းကျင် ဖန်တီးပေးနိုင်ရေးအတွက်   ဆောင်ရွက်ပေးရန် အရေးကြီးပါသည်။ အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းများ အကြား သာတူညီမျှအပေးအယူမျှသည့် ပုံစံဖြင့် ဆောင်ရွက်ပြီး   လုပ်ငန်းစီမံချက်ကောင်းများကို ဖော်ထုတ်ဆောင်ရ္ပက်ပါက နှစ်ဦးနှစ်ဖက်  အကျိုး ရှိပြီး  နိုင်ငံတော်အတွက်  အခြေခံအဆောက်အအုံ လိုအပ်ချက်တွင်   အရည်အသွေးပြည့်မီစွာဖြင့် ဆောင်ရွက်သွားနိုင်မည်မှာ  မြေကြီးလက်ခတ် မလွဲဧကန် အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။       ။

ကိုးကားစာတမ်းများ


    KDI,  ADB,  Public–Private  Partnership Infrastructure Projects: Case Studies from the Republic of Korea 
    Volume 1: Institutional  Arrangements and Performance, 2011
    စီမံကိန်းဘဏ်ဆိုင်ရာ ညွှန်ကြားချက် ၂၀၁၈
    https://www.weforum.org/agen da/ 2019/ 04/infrastructure-gap-heres-how-to-solve-it/
    https://apmg.international.com
    https://www.worldbank.org/en/topic/publicprivatepartnerships
    https://pppknowledgelab.org/