
ဂျေရုဆလင် ဩဂုတ် ၃၀
အစ္စရေးနိုင်ငံတွင် ဩဂုတ် ၂၉ ရက်က ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးနိုင်သည့် အသက်အပိုင်းအခြား ကို အသက် ၃၀ မှ ၁၂ နှစ်အထိ သတ်မှတ်ခဲ့သည်ဟု သိရသည်။
ဒုတိယအကြိမ် ကာကွယ် ဆေးထိုးပြီး ငါးလအကြာတွင် တတိယအကြိမ် ကာကွယ်ဆေး ထိုးနိုင်သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။ အစ္စရေးနိုင်ငံသည် ဩဂုတ် ၁ ရက်မှစတင်ကာ ကိုဗစ်- ၁၉ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးမှုကို စတင်ခဲ့သည်။ ကနေဦးတွင် အသက် ၆၀ နှစ်နှင့် အထက်များကိုသာ တတိယ အကြိမ်ကာကွယ်ဆေးထိုးပေးခဲ့ ပြီး ယင်းနောက်မှစကာ တတိယ အကြိမ်ကာကွယ်ဆေး ထိုးနိုင် သည့် အသက်အပိုင်းအခြားကို တဖြည်းဖြည်းချင်း လျှော့ချခဲ့ သည်။
ကျောင်းဆရာများ၊ကျန်းမာ ရေးလုပ်သားများနှင့် ကိုယ်ဝန် ဆောင် အမျိုးသမီးများမှာလည်း ကိုဗစ်- ၁၉ ကာကွယ်ဆေး တတိယ အကြိမ်ထိုးနိုင်ခွင့်ရှိသည်။ ယခု အချိန်အထိ အစ္စရေးနိုင်ငံအတွင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးတတိယ အကြိမ် ထိုးနှံပြီးသူ အရေအတွက် မှာ ၁ ဒသမ ၉၆ သန်းရှိသည်။
ပထမအကြိမ် ကာကွယ်ဆေး ထိုးပြီးသူ ၅ ဒသမ ၆၅ သန်းရာခိုင် နှုန်းဖြင့်တွက်လျှင် ၆၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် နှစ်ကြိမ်ကာကွယ် ဆေးထိုးပြီးသူ ၅ ဒသမ ၄၇ သန်း ရှိသည်။
ဆင်ဟွာ