
ရန်ကုန် စက်တင်ဘာ ၆
၂၀၂၄ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (ခ) ပထမနေ့ကို စက်တင်ဘာ ၆ ရက်က တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပရာ မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်း တစ်ဂိုးစီသရေကျခဲ့သည်။
ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့် ချက်အတွက် အရေးပါသည့်ပွဲဖြစ်သော် လည်း မြန်မာအသင်းအနေဖြင့် နိုင်ပွဲ ရယူနိုင်ခြင်းမရှိဘဲ သရေကျခဲ့သဖြင့် လက်ကျန်ပွဲတွင် ရုန်းကန်ရတော့မည် ဖြစ်သည်။ မြန်မာအသင်းသည် မိနစ် ၅၀ အထိ တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့ သော်လည်း ချေပဂိုးပြန်ပေးခဲ့ရသဖြင့် နိုင်ပွဲနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။
မြန်မာအသင်းနည်းပြချုပ် ဦးအောင် နိုင်သည် ပွဲထွက်လူစာရင်းတွင် အမာခံ ကစားသမား အစုံအလင်အသုံးပြုခဲ့ပြီး ပြည့်ဖြိုးသူ (ဂိုး)၊ ဉာဏ်လင်းထက်၊ သက်ဟိန်းစိုး၊ လတ်ဝေဘုန်း၊ ကောင်း ထက်ပိုင်၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အာကာကျော်၊ ဥက္ကာနိုင်၊ ဟိန်းထက် အောင်၊ ခွန်ကျော်ဇင်ဟိန်းတို့ကို အသုံးပြု ခဲ့သည်။
မြန်မာအသင်းသည် ၂၃ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး ကောင်းထက်ပိုင် က သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းအပြီးအထိ တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း မိနစ် ၅၀ ကျော်တွင် ချေပဂိုးပြန်ပေးခဲ့ရသည်။ ကာဂျစ္စတန်အသင်းအတွက် ချေပဂိုးကို ၅၂ မိနစ်တွင် ဘာရူဇာမန်က သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်း စလုံး ဂိုးထပ်ရနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ သည်။
အုပ်စုနောက်ဆုံးပွဲ ကစားမည်
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၉ ရက်တွင် ကာတာအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ကာတာအသင်း သည် နောက်ဆုံးအဆင့်ပြိုင်ပွဲ၏ အိမ်ရှင်နိုင်ငံဖြစ်ပြီး ခြေစစ်ပွဲအောင်မြင် ထားပြီးဖြစ်သောကြောင့် ယင်းအသင်းနှင့်ရလဒ်ကို ထည့်သွင်းတွက်ချက် မည်မဟုတ်ကြောင်း သိရသည်။ မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲ အဖြစ် စက်တင်ဘာ ၁၂ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ကစားရ မည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF