အာရှပစိဖိတ်အင်ဂျင်နီယာအသင်းများ၏အသင်းချုပ် ၂၀၂၂ ခုနှစ်အတွက် FEIAP မှ အင်ဂျင်နီယာဆုချီးမြှင့်နိုင်ရေးအတွက် အမည်စာရင်းများ အဆိုပြုတင်ပြ

 

နေပြည်တော်  နိုဝင်ဘာ  ၂၆


အာရှပစိဖိတ်အင်ဂျင်နီယာအသင်းများ၏    အသင်း ချုပ်၊  Federation of Engineering Institutions of Asia and Pacific (FEIAP)၏ (၁၃)ကြိမ်မြောက် အလုပ်အမှုဆောင်အဖွဲ့   အစည်းအဝေးကို   ယနေ့ မွန်းလွဲပိုင်းက   မလေးရှားနိုင်ငံ   ကွာလာလမ်ပူမြို့၌ Virtual စနစ်ဖြင့်ကျင်းပရာ      Federation of Engineering Institutions of Asia and Pacific ၏ ဒုတိယ ဥက္ကဋ္ဌ၊   မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယက၊   စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည်  နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။

 


ရှေးဦးစွာ    Federation of Engineering Institutions of Asia and Pacific ၏ ဥက္ကဋ္ဌ၊ ပါမောက္ခ  Dr. Huang Wei က FEIAP မှ လုပ်ငန်း  အကောင် အထည်ဖော်ဆောင်ရွက်မှု၊  အင်ဂျင်နီယာ  ပညာရပ် များ  တိုးတက်ပြန့်ပွားစေရေး    ဆောင်ရွက်လျက် ရှိသည့် အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။

 


အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့်  (၁၂) ကြိမ်မြောက် FEIAP Exco Meeting နှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၅ ရက်တွင်  ကျင်းပပြီးစီးခဲ့သည့်   (၂၉)ကြိမ်မြောက် အထွေထွေညီလာခံ၏  အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊   အထွေထွေညီလာခံမှ  ထွက်ပေါ်လာ သည့်    ကိစ္စရပ်များနှင့်စပ်လျဉ်း၍  အကောင်အထည် ဖော်ဆောင်ရွက်မည့်အခြေအနေတို့ကို    ရှင်းလင်း တင်ပြခြင်း၊    အမြဲတမ်းကော်မတီအသီးသီးတို့က လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် ဆောင်ရွက်နေ မှုအခြေအနေတို့ကို   ရှင်းလင်းတင်ပြခြင်း၊   ၂၀၂၂ ခုနှစ်အတွက် FEIAP မှ  အင်ဂျင်နီယာဆုချီးမြှင့်နိုင်ရေးအတွက် အမည်စာရင်းများ  အဆိုပြုတင်ပြခြင်း နှင့် ဆုချီးမြှင့်ရေးကော်မတီဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ (၂)ကြိမ်မြောက် FEIAP Convention 2022 နှင့် (၃၀)ကြိမ်မြောက်   အထွေထွေညီလာခံ ကျင်းပရေး ကိစ္စရပ်များကို  ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 


အဆိုပါ အသင်းချုပ်တွင် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံကိုယ်စားပြု အင်ဂျင်နီယာ အသင်းများပါဝင်ပြီး သက်ဆိုင်ရာအသင်းများမှ ပညာရှင်  အင်ဂျင်နီယာ များ၊ ပါမောက္ခများ ပါဝင်တက်ရောက်ကြောင်း သိရ သည်။                         

သတင်းစဉ်