
အဒစ်အဘာဘာ ဒီဇင်ဘာ ၁၆
အာဖရိကတိုက်၌ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ကိုးသန်းကျော်ရှိလာ ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ယနေ့တွင် ပြောကြားသည်။
အာဖရိကသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးအေဂျင်စီများအား ကိုယ်စား ပြုသည့် အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက် အရ အာဖရိကတိုက်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၀၃၃၇၈၈ ဦးရှိကြောင်း၊ အဆိုပါရောဂါ ကြောင့်သေဆုံးသူပေါင်း ၂၂၅၄၈၉ ဦး ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၈၂၆၅၃၂၇ ဦးရှိကြောင်း သိရသည်။
အာဖရိကတိုက်၌ တောင်အာဖရိက နိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှားနိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံများ ဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
လက်ရှိတွင် အာဖရိကတိုက်၌ နိုင်ငံ ပေါင်း ၁၁ နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ ဖြစ်ပွားလျက်ရှိ ကြောင်း သိရသည်။ အာဖရိကနိုင်ငံများ သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၂၄၅ သန်း ဝယ်ယူထားပြီး အာဖရိကတိုက် လူဦးရေစုစုပေါင်း၏ ၇ ဒသမ ၃၅ ရာခိုင်နှုန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်း သိရသည်။
အာဖရိကတိုက်၌ အာဖရိကတောင် ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရမှုအများဆုံးဒေသဖြစ်ပြီး အာဖရိက မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုဒုတိယအများဆုံးဒေသများဖြစ်ကာ အာဖရိက အလယ်ပိုင်းဒေသသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အနည်းဆုံးဒေသဖြစ် ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်