အာဖဂန်နစ္စတန်နိုင်ငံမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအစီအစဉ်ပြီးဆုံးကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကြေညာချက်ထုတ်ပြန်

လန်ဒန် ဩဂုတ် ၃၀


ဗြိတိန်နိုင်ငံဝန်ကြီးချုပ်   ဘောရစ်ဂျွန်ဆင်သည် အာဖဂန်နစ္စတန်နိုင်ငံမှ   ဗြိတိန်နိုင်ငံသားများနှင့် ဒေသခံမဟာမိတ်များအား     ဘေးလွတ်ရာသို့ 
ရွှေ့ပြောင်းပေးရေးဆောင်ရွက်လျက်ရှိသည့် ဗြိတိန် နိုင်ငံ၏ အစီအစဉ်သည် ပြီးဆုံးခဲ့ပြီဟု ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း   ယနေ့သတင်းများအရ  သိရ သည်။
အာဖဂန်နစ္စတန်နိုင်ငံ၌   ရှိနေသည့်  ဗြိတိန် တပ်ဖွဲ့ဝင်များ၊  သံတမန်များနှင့်  ဗြိတိန်နိုင်ငံသား များအားလုံးသည် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာ သွားပြီဖြစ်ကြောင်း  ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ယမန်နေ့တွင်  တွစ်တာစာမျက်နှာ၌ ဗီဒီယိုဖိုင်တစ်ခုဖြင့် ဖော်ပြခဲ့သည်။


အာဖဂန်နစ္စတန်နိုင်ငံမှ   ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးအစီအစဉ်တွင်    ပါဝင်ဆောင်ရွက် ပေးခဲ့သူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဗြိတိန် နိုင်ငံအနေဖြင့် သီတင်းပတ်နှစ်ပတ်အတွင်း လူပေါင်း ၁၅၀၀၀ ကျော်အား  ဘေးလွတ်ရာသို့  ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းလည်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က ထုတ်ဖော်ပြောကြားသည်။


အာဖဂန်နစ္စတန်နိုင်ငံရှိ  အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏    အခွင့်အရေးများကို လေးစားရန်နှင့်  အာဖဂန်နစ္စတန်နိုင်ငံအား ကမ္ဘာ လုံးဆိုင်ရာ   အကြမ်းဖက်ဝါဒ   ပေါက်ဖွားရာဒေသတစ်ခုဖြစ်လာခြင်းမှ  ကာကွယ်ပေးရန်လည်း တာလီ ဘန်များအား ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်