အာမခံအလုပ်သမားများအား အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်လို

 

မန္တလေး   အောက်တိုဘာ   ၄


အလုပ်သမားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာပွင့်ဆန်းသည်   မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့ ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး က သင်တန်းဆင်းများ ကျွမ်းကျင်မှုအရည်အချင်း ပြည့်မီရေး၊   အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ ကျွမ်းကျင်မှုအရည်အချင်း ပြည့်မီသူများကို စစ်ဆေး အကဲဖြတ်၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု  အသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင် ရေးနှင့် MSME လုပ်ငန်းများအတွက် လူ့စွမ်းအား အရင်းအမြစ်ရရှိစေရေး၊        အလယ်တန်းအဆင့် ပညာအရည်အချင်းရှိသူများကို       လုပ်ငန်းခွင် ဝင်ရောက်နိုင်ရေး    တာဝန်ရှိသူများအား   မှာကြား သည်။

 


ဆက်လက်၍       ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်း အဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား  တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အငြင်းပွားမှု များဖြစ်ပွားပါက    ဥပဒေနှင့်အညီ   စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်ရန် အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းထားခြင်းကြောင့် ခုံသမာဓိအဖွဲ့ဖြင့် အငြင်းပွားမှုများ   ဆုံးဖြတ်ရာတွင်  နှစ်ဦးနှစ်ဖက် ညီညွတ်မျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အရေးကြီးကြောင်း၊ ဆုံးဖြတ်ချက်များချမှတ်ရာတွင် လည်း  ဥပဒေနှင့်ညီညွတ်ပြီး   သမာသမတ်ကျစွာ ဆုံးဖြတ်ရန် လိုကြောင်း၊ အငြင်းပွားမှုများကို အလုပ် ရှင်၊ အလုပ်သမား လက်ခံနိုင်ပြီး မျှတမှန်ကန်သည့် ဆုံးဖြတ်ချက်များ   ချမှတ်ခြင်းဖြင့်    အလုပ်ရှင်၊ အလုပ်သမား   အငြင်းပွားမှုများ လျော့နည်းလာကာ လုပ်ငန်းခွင်ဆက်ဆံရေး    ကောင်းမွန်လာမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ထို့နောက်   ခုံသမာဓိအဖွဲ့ဝင်များက  လိုအပ်သည် များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး က  ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 


ယင်းနောက်       ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီး  (မန္တလေး) အစည်းအဝေး ခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာ တင်ကိုကို နှင့် ဝန်ထမ်းများအား တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင် နှင့် အာမခံအလုပ်သမားများ၏  အားကိုးယုံကြည် ရသည့်   လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊  အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီ သော ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လိုကြောင်း၊ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများ အပါ အဝင်   ကိုဗစ်-၁၉  ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေး အတွက်     လိုအပ်သည့်အခန်းကဏ္ဍတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန်      လိုအပ်ကြောင်း မှာကြားပြီး    လုပ်ငန်းလိုအပ်ချက်ကို   ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ် သမားဆေးရုံကြီး ပြင်ပလူနာဌာန၌ ပြင်ပလူနာများ အား ဆေးကုသပေးနေမှုများ၊ အတွင်း လူနာကုသပေးသည့် ကုသဆောင်များ၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာများထားရှိသည့် ကုသဆောင်များ နှင့် ပြင်ပလူနာဌာနတို့ကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။                     

 

သတင်းစဉ်