အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

 

     ဘောလ်ပင်အမျိုးမျိုး၊  လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာ အမျိုးမျိုး၊  မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊  ဗီနိုင်းစအမျိုးမျိုး၊  ပုလင်း/ဘူး အမျိုးမျိုး၊   အလံကိုင်ဆောင်ရာတွင်   အသုံးပြုသည့်  တုတ်နှင့်ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ရောက်ခွင့်မပြုပါ။
     လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask)များ မပျက်မကွက် စနစ်တကျတပ်ဆင်ရန်။
     သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။
     ဗဟန်းမြို့နယ်၊  လင့်ခ်လမ်းတွင်  ကိုယ်အပူချိန်   တိုင်းတာခြင်းအပါအဝင်   ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများနှင့်  အမည်၊   နိုင်ငံသားစိစစ်ရေး   ကတ်ပြားအမှတ်၊  နေရပ်လိပ်စာ၊  တယ်လီဖုန်း နံပါတ် စသည်တို့ကို  ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန် (နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ် (သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြုကတ်ပြား) ယူဆောင်လာပါရန်။
     ကျန်းမာရေးဝန်ကြီးဌာနမှ  သတ်မှတ်ထားသော Social/Physical Distancing  နှင့်အညီ  ရှေ့နောက်၊  ဘေးတိုက်အကွာအဝေးများကို  (၆)ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။
     ကိုယ်အပူချိန်မြင့်ခြင်း  (အပူချိန်  ၃၈  ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင်ကုန်ခန်း ခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရန်။
     အာဇာနည်ဗိမာန်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်။
     အာဇာနည်ဗိမာန် ရင်ပြင်ပေါ်တွင် ဂါရဝပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ (၁)ကြိမ် လျှင် (၁၀)ဦးစီဖြင့် သတ်မှတ်နေရာတွင် ဂါရဝပြုအလေးပြုရန်နှင့် ပြန်လည်ထွက်ခွာရာတွင်လည်း တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။
     ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပေးချက်၊ သတိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။ 
     သက်ကြီးရွယ်အိုများ၊  နာတာရှည်ရောဂါ  ရှိသူများအနေဖြင့်  လုံးဝ(လုံးဝ) လာရောက်ခြင်း  မပြု ရန်။
     ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်း  စသည့်ရောဂါလက္ခဏာများဖြစ်ပွားနေပါက လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုရန်။
     အစုလိုက် အလေးပြုသည့်အချိန်အား (၁၀) မိနစ်ထက် ပိုမကြာစေရန်။