
ဗျူနိုအေးရိစ် ဇန်နဝါရီ ၁၆
အာဂျင်တီးနားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၉၆၆၅၂ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ရောဂါ ကူးစက်ခံရသူပေါင်း ၇၀၂၉၆၂၄ ဦးရှိလာ ကြောင်း အာဂျင်တီးနား ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ထို့ပြင် အာဂျင်တီးနားကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၈၈ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၁၁၇၉၈၉ ဦးရှိလာ ကြောင်း သိရသည်။
လက်ရှိတွင် အာဂျင်တီးနားနိုင်ငံ၌ အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါး ကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၉၆၅ ဦး ရှိကြောင်းလည်း သိရသည်။
ထို့ပြင် အာဂျင်တီးနားနိုင်ငံ၌ နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်အောက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၈၂၀၂၆၅၈၈ လုံး အသုံးပြုပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်