
နေပြည်တော် အောက်တိုဘာ ၂၈
(၆)ကြိမ်မြောက် အာဆီယံအားကစားဝန်ကြီးများ အစည်းအဝေး၊ ASEAN Ministerial Meeting on Sports (AMMS-6) နှင့် Related Meeting ဖြစ်သည့် The 3rd ASEAN Plus Japan Ministerial Meeting on Sports(3rd AMMS+Japan)ကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အားကစားဝန်ကြီးများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ စင်ကာပူ နိုင်ငံ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းနှင့် လူငယ်ရေးရာ ဝန်ကြီး Mr. Edwin Tong, Singapore က အဖွင့် အမှာစကားပြောကြားပြီး စင်ကာပူနိုင်ငံ AMMS-6 ဥက္ကဋ္ဌက 10th, 11th and 12th SOMS အစည်းအဝေး များ၏ ဆုံးဖြတ်ချက်ဆောင်ရွက်နေမှုများကို တင်ပြ သည်။
အတည်ပြု
ဆက်လက်၍ အကြိမ်(၄၀)မြောက် အာဆီယံ ညီလာခံ (40th ASEAN Summit)သို့ တင်ပြမည့် စာရွက်စာတမ်းများနှင့် AMMS-6 အစည်းအဝေး ဆွေးနွေးချက်များကို အတည်ပြုခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြ သော အာဆီယံနိုင်ငံ ဝန်ကြီးများက နိုင်ငံအလိုက် ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အာဆီယံပူးပေါင်းဆောင်ရွက်ရေး ပရောဂျက်နှင့် စီမံချက်ကဏ္ဍတိုင်းကို အကောင် အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁-၂၀၂၅ အာဆီယံ အားကစားဆိုင်ရာ လုပ်ငန်းစီမံချက်အရ ဦးဆောင်နိုင်ငံအဖြစ် လုပ်ဆောင်ချက်(၅)ချက်ရှိပါ ကြောင်း၊ ယင်းတို့အနက်မှ ၂၀၂၁ ခုနှစ်တွင် အားကစား မှတစ်ဆင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ လူငယ်ခေါင်းဆောင်မှု ဆောင်ရွက်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မျှော်လင့်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ ကြောင့် ယခုကာလတွင် လုပ်ဆောင်ရန် မဖြစ်နိုင် သေးပါကြောင်း၊ နိုင်ငံတော်အဆင့်တွင် လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစီအစဉ်များ၊ Program များနှင့် မဟာဗျူဟာများကို ရေးဆွဲလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အာဆီယံဝန်ကြီးများ၏ ဆွေးနွေး ချက်များကို အာဆီယံအထွေထွေအတွင်းရေး မှူးချုပ်က ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကျန်အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အားကစားဝန်ကြီးများက အထွေထွေ ဆွေးနွေးခဲ့ကြသည်။
ဆောင်ရွက်သွားမည်
ဆက်လက်ကျင်းပမည့် (AMMS-7)ကို ကျင်းပ ပြုလုပ်ရန် ရွေးချယ်ရာတွင် ထိုင်းနိုင်ငံမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြီး အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။
ဆက်လက်၍ The 3rd ASEAN Plus Japan Ministerial Meeting on Sports (3rd AMMS+Japan) ကို ဆက်လက်ကျင်းပရာ AMMS-6 ဥက္ကဋ္ဌ၊ စင်ကာပူ နိုင်ငံ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်းနှင့် လူငယ်ရေးရာ ဝန်ကြီး Mr. Edwin Tong, Singapore က ပြင်ဆင် ထားရှိသည်များကို ရှင်းလင်းတင်ပြသည်။
အတည်ပြုကြေညာ
3rd AMMS+Japan အစည်းအဝေး၏ Joint Statement အား ဆောင်ရွက်ရန် ဆွေးနွေးခြင်းနှင့် 4th AMMS+Japan အစည်းအဝေးကို ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သော ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံများက အထွေထွေ ဆွေးနွေးခဲ့ကြပြီး AMMS-6 ဥက္ကဋ္ဌ၊ စင်ကာပူနိုင်ငံ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်းနှင့် လူငယ်ရေးရာဝန်ကြီး Mr. Edwin Tong, Singapore က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်