အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့၏ (၃၃) ကြိမ်မြောက်အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် အကြိမ် (၂၀) မြောက် အထွေထွေညီလာခံကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၁၅


အာဆီယံနိုင်ငံများ      စစ်မှုထမ်း ဟောင်းအဖွဲ့၏ (၃၃)ကြိမ်မြောက် အလုပ်အမှုဆောင်   အဖွဲ့အစည်း အဝေးနှင့် အကြိမ် (၂၀) မြောက် အထွေထွေညီလာခံတို့ကို  ယနေ့  နံနက်ပိုင်းတွင်   ဗီယက်နမ်နိုင်ငံ  စစ်မှုထမ်းဟောင်းအဖွဲ့က ဦးစီး၍  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ   အဖွဲ့ဝင်နိုင်ငံ   ၁၀    နိုင်ငံမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်အဖွဲ့များ     တက် ရောက်ခဲ့ပြီး    မြန်မာနိုင်ငံ    စစ်မှု ထမ်းဟောင်းအဖွဲ့မှ       ဗဟိုအမှု ဆောင်အဖွဲ့    ဥက္ကဋ္ဌ      ဒုတိယ ဗိုလ်ချုပ်ကြီး    စိန်ဝင်း     (ငြိမ်း) ဦးဆောင်သော   မြန်မာကိုယ်စား လှယ်အဖွဲ့ လေးဦး တက်ရောက် ကြသည်။

 


(၃၃)   ကြိမ်မြောက်   အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးကို  နံနက်  ၈  နာရီတွင်  ကျင်းပရာ သဘာပတိအဖြစ်      ဗီယက်နမ် နိုင်ငံစစ်မှုထမ်းဟောင်း     အဖွဲ့ ဒုတိယဥက္ကဋ္ဌ       Lieutenant General (Ret) Nguyen Song Phi က ဆောင်ရွက်သည်။ အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေး တွင်    အကြိမ်  (၂၀)  မြောက် အထွေထွေ ညီလာခံသို့တင်သွင်း မည့်   အဆိုပြုတင်ပြထားသော ဆုံးဖြတ်ချက်     (၁၀)   ချက်ကို ပြန်လည်       သုံးသပ်ခြင်းနှင့် အတည်ပြု      ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

 


အကြိမ်     (၂၀)   မြောက် အထွေထွေညီလာခံကို    မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ သဘာပတိ အဖြစ် ဗီယက်နမ်နိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့    ဥက္ကဋ္ဌ   Senior Lieutenant    General   (Ret) Nguyen Van Duoc က ဆောင် ရွက်ခဲ့သည်။  ညီလာခံတွင် (၃၃)  ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး၏ ဆုံးဖြတ် ချက်များကို    အတည်ပြုကာ အလှည့်ကျဥက္ကဋ္ဌ   တာဝန်အား ထိုင်းနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ သို့   လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

         
သတင်းစဉ်