
နေပြည်တော် စက်တင်ဘာ ၂၈
ARISE+IPR သည် Annual Work Plan-4 ၏ Activity 12 အရ အာဆီယံဒေသတွင်းရှိ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း များအတွက် ဒေသတွင်းမူပိုင်ခွင့်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် လမ်းညွှန် စာအုပ် (Guidebook on Regional Intell-ectual Property Management for SMEs in ASEAN) ကို ပြုစုရေးသားခဲ့ပြီး အာဆီယံ နိုင်ငံအသီးသီး၏ ဘာသာစကားများဖြင့် ဘာသာပြန်ဆိုနိုင်ရေးကိုလည်း ဆက် လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာအုပ်ကို http://internationalipcooperation.eu Web-site ၏ ARISE+IPR ကဏ္ဍမှ Publications ၊ Promotional Material ခေါင်းစဉ်အောက် နှင့် မူပိုင်ခွင့်ဦးစီးဌာန၏ Website ဖြစ်သော www.ipd.gov.mm တို့တွင် လွှင့်တင်ထား ရှိပြီးဖြစ်သည့်အတွက် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရှိရသည်။