အာဆီယံစီးပွားရေးအသိုက်အဝန်းအကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၂၈


အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့်  ညှိနှိုင်းအစည်း အဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦး ဦးဆောင်၍ ယနေ့မွန်းလွဲ ၁ နာရီတွင်  ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 


အစည်းအဝေးသို့   အာဆီယံစီးပွားရေးအသိုက် အဝန်းမဏ္ဍိုင်အောက်ရှိ  ဘာသာရပ်ဆိုင်ရာ  ဌာနများ မှ    ဒုတိယဝန်ကြီး၊    အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊     ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့်    တာဝန်ရှိသူများ   တက်ရောက်ကြသည်။ 

 


အစည်းအဝေးတွင်  မြန်မာနိုင်ငံ၏ အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ    ဝန်ကြီးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက  စက်တင်ဘာ လအတွင်း   ကျင်းပပြီးစီးခဲ့သည့်   (၅၃)   ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ    အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့်   အောက်တိုဘာလ တတိယပတ်တွင်   ကျင်းပပြီးစီးခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီ အစည်းအဝေးတို့တွင် ဆွေးနွေးညှိနှိုင်းချက်များအရ အေအီးစီလုပ်ငန်းစဉ်များ   အကောင်အထည်ဖော်မှု၌ မြန်မာနိုင်ငံကဆောင်ရွက်ရန်       ကျန်ရှိနေသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍      သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဌာနများက   ဆက်လက်ဆောင် ရွက်ပေးရမည့်   ကိစ္စများကိုလည်းကောင်း၊   မိမိတို့ နိုင်ငံက လိုက်ပါအကောင်အထည်ဖော်ရမည့် ကိစ္စရပ် များကို သတ်မှတ်အချိန်အတိုင်း ပြီးစီးအောင်ဆောင် ရွက်ရာတွင် အခက်အခဲများ၊ ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍      လည်းကောင်း၊ လုပ်ငန်းအဆင့်     အစည်းအဝေးများ   ကျင်းပ၍ ဆက်လက်ညှိနှိုင်းဆွေးနွေးရန်        ကိစ္စများကို လည်းကောင်း ပြောကြားပြီး       (၅၃)    ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ   အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏  အခြေအနေအရပ်ရပ် ကို ဆွေးနွေးခဲ့သည်။ 

 


ထို့အပြင် ပြည်ထောင်စုဝန်ကြီးက   ဘာသာရပ် ဆိုင်ရာ ဌာနများအနေဖြင့် အေအီးစီဆိုင်ရာ  လုပ်ငန်း များကို ဆောင်ရွက်နေသည့်ဌာနများတွင်   လူ့စွမ်း အားအရင်းအမြစ်     ပြတ်လပ်မှုမရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်နှင့်      အေအီးစီ ဆိုင်ရာ   လုပ်ငန်းစဉ်များ     အကောင်အထည်ဖော်မှု အခြေအနေများကို   သုံးသပ်ဆောင်ရွက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းခဲ့သည်။

 


ထို့နောက်   မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ      အဆင့်မြင့်လုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ     ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ၂၀၂၁ ခုနှစ်အတွက် အေအီးစီ အကောင်အထည်ဖော်မှုတွင် မြန်မာနိုင်ငံက ဆောင် ရွက်ရန်ကျန်ရှိသည့်  လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့်      အစီအစဉ်များကို အသေးစိတ်ရှင်းလင်းတင်ပြပြီး       ဒေသတွင်းနှင့်နိုင်ငံစုံလွတ်လပ်သောကုန်သွယ်မှု သဘောတူစာချုပ် များအပြင်    နှစ်နိုင်ငံလွတ်လပ်သော    ကုန်သွယ်မှု သဘောတူစာချုပ်   (Bilateral Free Trade Agree-ment- BFTA) နှင့်  နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုစာချုပ်များ (Bilateral Investment Treaty -BIT) ချုပ်ဆိုနိုင်မည့် အလားအလာများကိုရှာဖွေ၍   ဆက်လက်ဆောင်ရွက် နိုင်မည့်    အစီအစဉ်များကို       ဆွေးနွေးတင်ပြခဲ့သည်။ 

 


ဆက်လက်၍  မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊  အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က  အာဆီယံစီးပွားရေးအသိုက် အဝန်းပုံစံ ၂၀၂၅ ကာလလယ်သုံးသပ်ချက်  ဆောင် ရွက်မှုရလဒ်အပါအဝင်    အေအီးစီလုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုအခြေအနေများ၊ မြန်မာနိုင်ငံ က အာဆီယံ၌  ပါဝင်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူး နှင့် စိန်ခေါ်မှုဆိုင်ရာ  ဆန်းစစ်လေ့လာမှုကို ရှင်းလင်း တင်ပြခဲ့သည်။ 

 


ထို့နောက်  အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ   ဘာသာရပ်ဆိုင်ရာဌာနများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏  အကောင်အထည်ဖော်မှု  အခြေ အနေများ၊    ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 


သတင်းစဉ်