အာဆီယံ MICE (Meeting, Incentive, Convention, Exhibition) စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်   စက်တင်ဘာ   ၂၂ 


ကမ္ဘာလုံးဆိုင်ရာ စာရင်းဇယားများအရ Meeting, Incentive,   Convention,  Exhibition  (MICE) ခရီးသွားလုပ်ငန်း၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၃၄ ဘီလီယံ ကျော်ရှိပြီး ၂၀၂၈ ခုနှစ်တွင်   အမေရိကန်ဒေါ်လာ  ၁၆၁၉  ဒသမ  ၃ ဘီလီယံကျော်အထိ   ရောက်ရှိရန်  မျှော်မှန်းထား ကြောင်း၊ MICE ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ၂၀၁၉ ခုနှစ်တွင် ၄   ဒသမ  ၇  သန်း     ရှာဖွေပေးနိုင်ခဲ့ပြီး    နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အကျိုး ကျေးဇူးများစွာ  ပေးစွမ်းနိုင်သည့်အတွက်   MICE ခရီးသွားလုပ်ငန်းမှာ စနစ်တကျနှင့် အလေးထား ဆောင်ရွက်သင့်သော ကဏ္ဍတွင် ပါဝင်လျက်ရှိသည်။

 


အဆိုပါ MICE ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် လုပ်ကိုင်ဆောင်ရွက်နေသော ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းကဏ္ဍမှ အစိုးရနှင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူများအနေနှင့် အာဆီယံမှ ထုတ်ပြန်ထားသော   MICE  ဆိုင်ရာ စံနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် သတ်မှတ်စံနှုန်း များနှင့်အညီ စနစ်တကျ လိုက်ပါဆောင်ရွက်နိုင်ရေး ရည်ရွယ်၍   အာဆီယံ   MICE  စံနှုန်းများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်          ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 


အသိပညာပေးဆွေးနွေးပွဲတွင်      ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာ ဌေးအောင်က  မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းအတွက် Forbes website မှ ထုတ်ပြန် ထားသော    သုတေသနလေ့လာချက်အရ  The World’s 50 Most Beautiful Countries စာရင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော      အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စသည်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံအနေဖြင့်   အမှတ်စဉ်(၄၁)တွင်  ပါဝင် လာခဲ့ပါကြောင်း၊  နိုင်ငံအလိုက် Natural Wonders များအပေါ်တွင် Survey ဖြေဆိုသူများ၏ အကဲဖြတ် ရလဒ်များဖြစ်သည့်အတွက်   မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကဏ္ဍတွင် အလားအလာကောင်းများ ရှိနေ ကြောင်း ပြောကြားသည်။

 


အာဆီယံ MICE (Meeting Venue) စံနှုန်းကို ထိုင်းနိုင်ငံက ဦးဆောင်ရေးဆွဲခဲ့ပြီး အစည်းအဝေး ခန်းမစံနှုန်းကို ၂၀၁၆ ခုနှစ် မတ်လတွင် အတည်ပြုခဲ့ ကြောင်း၊   စံနှုန်းများကို  အဓိကအားဖြင့် Physical အပိုင်း၊ Technology အပိုင်းနှင့် Services အပိုင်း စသည်ဖြင့် အခြေခံသုံးမျိုးကို ဦးတည်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ MICE အစည်းအဝေး ခန်းမဆု  ၁၂ ခုရရှိထားပြီး ပြပွဲခန်းမဆိုင်ရာစံနှုန်းကို ၂၀၁၈ ခုနှစ်တွင် အတည်ပြုထုတ်ပြန်ခဲ့ကာ ယခုနှစ် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်  -  ၂၀၂၂ ၌ ပထမ အကြိမ်အနေဖြင့် ပေးအပ်ချီးမြှင့်ခဲ့ရာ မြန်မာနိုင်ငံမှ Exhibition Venue  ဆုနှစ်ခု  ရယူထားခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက     အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားသည်။

 


ဆက်လက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်  ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဘာသာရပ် ဆိုင်ရာ အရာထမ်းများက အာဆီယံ MICE (Event) စံနှုန်းများ၊   Exhibition    စံနှုန်းများနှင့်  Meeting စံနှုန်းများအကြောင်းကို        ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ      ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား   ပြောကြားခဲ့ကြောင်း    သိရ သည်။ 


သတင်းစဉ်