
နေပြည်တော် ဒီဇင်ဘာ ၆
ရခိုင်ပြည်နယ် ပေါက်တောမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသည် မိုခါမုန်တိုင်း တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ တပ်မတော် သားများနှင့် ဌာနဆိုင်ရာများ၏ စုပေါင်းညီညာစွာ ပူးပေါင်းဆောင် ရွက်မှုများကြောင့် မူလအခြေ အနေသို့ ပြန်လည်ရောက်ရှိလာခဲ့ သည်။ ထိုသို့ တည်ငြိမ်အေးချမ်းပြီး စည်ကားလျက်ရှိသော ပေါက်တော မြို့နယ်အတွင်း ယခုအခါ AA သောင်းကျန်းသူများက တိုက်ပွဲ များ ဖော်ဆောင်ခဲ့ပြီး တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန် ရည် ရွယ်၍ ပေါက်တောမြို့နှင့် အနီး ဝန်းကျင်မှ ကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ လူနေအိမ် များ၊ ဌာနဆိုင်ရာ အဆောက်အဦ များနှင့် ဈေးဆိုင်များကို ဖျက်ဆီး ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် AA သောင်းကျန်းသူများ သည် အမာခံများ မွေးမြူကာ တိုက်ပွဲများကြောင့် လူနေထိုင် ခြင်းမရှိသော ကျေးရွာများကို ဝင်ရောက်မီးရှို့ခြင်းများ ပြုလုပ် စေပြီး တပ်မတော်မှ မြို့/ရွာများ ကို ဝင်ရောက်ဖျက်ဆီးမီးရှို့သည် ဟု မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ခဲ့သည်။ AA သောင်း ကျန်းသူများ၏ မြို့/ရွာများကို ဖျက်ဆီးမီးရှို့ခြင်းများ လုပ်ဆောင် ခဲ့မှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိ သော AA သောင်းကျန်းသူ အမာခံ ပေါက်တောမြို့နယ် မနော်သီရိ ရွာသား နှစ်ဦး၏ ပြောဆိုချက်များ ကို ယခုလိုပဲ ကြားသိရသည်။
မောင်ထွန်းကျော်လင်း၏
ထွက်ဆိုချက်
ကျွန်တော်ကတော့ ပေါက် တောမြို့နယ် မနော်သီရိကျေးရွာ က မောင်ထွန်းကျော်လင်း ဖြစ်ပါ တယ်၊ လွန်ခဲ့တဲ့ နှစ်ပတ်လောက် က ပေါက်တောမြို့မှာ စစ်ဖြစ်ပါ တယ်၊ စစ်ဖြစ်ပြီးတော့ ကျွန်တော် တို့ရွာမှာလည်း AA တွေ အဝင်/အထွက်ရှိပါတယ်၊ အဝင်/ အထွက် ရှိလို့ ရွာသားတွေက ရွာမှာစစ်ဖြစ် မှာ ကြောက်လို့ ထွက်ပြေးသွားကြ ပါတယ်၊ ကျွန်တော်နဲ့ ဦးဦးဘထွန်း ကိုတော့ AA က စစ်တပ်ရောက် လာရင် သတင်းပို့ဖို့စောင့်ခိုင်းထားပါတယ်၊ AA အဖွဲ့က ရွာရဲ့ အရှေ့ဘက်ဘုရားကုန်းမှာ ၁၀ ယောက်လောက် ရှိတယ်လို့ ပြောပါ တယ်၊ ရွာထိပ်မှာလည်းမိုင်းထောင် ထားတယ်လို့ ပြောပါတယ်၊စစ်တပ် က လူဝင်လာရင် စစ်တပ်က ရွာ ကို မီးရှို့သွားသလိုဖြစ်အောင် ကျွန်တော်တို့ကို ရွာကို မီးရှို့ပြီး ထွက်ပြေးခိုင်းထားပါတယ်၊ပေါက် တောဘက်မှာလည်း ကျေးရွာ သားတွေကို မီးရှို့ခိုင်းပြီး စစ်တပ် ကမီးရှို့တယ်လို့ ပြောခိုင်းခဲ့ပါတယ်၊ စစ်တပ်က ရောက်လာတဲ့ အချိန်မှာ တော့ AA ကခိုင်းထားတဲ့အတိုင်း ဦးဦးဘထွန်းနဲ့ ကျွန်တော်နဲ့ ရွာကို မီးရှို့နေပါတယ်၊ မီးရှို့ နေတဲ့အချိန်မှာတော့ စစ်တပ်က တွေ့လို့ နှစ်ယောက်စလုံး အဖမ်းခံ ခဲ့ရပါတယ်။
ဦးဦးဘထွန်း၏
ထွက်ဆိုချက်
ပေါက်တောမြို့နယ် မနော် သီရိရွာက ဦးဦးဘထွန်းပါ၊ ပေါက် တောမှာ နှစ်ပတ်လောက်က တိုက် ပွဲဖြစ်ပါတယ်၊ AA နဲ့ စစ်တပ်နဲ့ အဲဒီ အခါ AAက မနော်သီရိရွာကို ရောက် ပါတယ်၊ ရွာသားတွေက တိုက်ပွဲ ဖြစ်လိမ့်မယ်ဆိုပြီး စိုးရိမ်လို့ ထွက် ပြေးသွားပါတယ်၊ မောင်ထွန်း ကျော်လင်းနဲ့ ကျွန်တော်နဲ့ကို စစ်တပ်မြင်ရင် သတင်းပို့ဖို့၊ ရွာကို ဝင်တဲ့အခါ မီးတိုက်ဖို့၊ စစ်တပ် က မီးတိုက်တယ်လို့ အထင်လွဲ အောင် ပြောဖို့ ကျွန်တော်တို့ကို ခိုင်းထားပါတယ်၊ အဲဒီနေ့မှာ စစ်တပ်က ရွာကို ရောက်လာပါ တယ်၊ AA က မီးတိုက်ဖို့ ခိုင်းပါ တယ်၊ မီးတိုက်နေတုန်း အချိန် မှာ စစ်တပ်က ကျွန်တော်တို့ကို ဖမ်းသွားပါတယ်။
သတင်းစဉ်