AA အဖွဲ့က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့အပါအဝင် ၁၀ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

 

နေပြည်တော်   နိုဝင်ဘာ   ၁၇
ရခိုင်ပြည်နယ်         မောင်တော မြို့နယ်     ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံ      ရဲကင်းစခန်းအား နိုဝင်ဘာ ၁၆ ရက်တွင်  AA အဖွဲ့မှ အင်အား ၂၀ ခန့်က  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ   လောင်းဒုံ ကျေးရွာအတွင်း    လက်နက်ကြီး ကျည်        ကျရောက်ပေါက်ကွဲမှု ကြောင့်   အပြစ်မဲ့ဒေသခံတိုင်းရင်း သား ပြည်သူများ သေဆုံး၊ ဒဏ်ရာ ရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက်  မွန်းလွဲ  ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ကြိမ်ချောင်းကျေးရွာ နယ်မြေခံရဲကင်းစခန်းအား    AA အဖွဲ့မှ    လက်နက်ကြီး၊  လက်နက် ငယ်များဖြင့်    လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ    နယ်မြေခံရဲကင်း စခန်းအနီးရှိ     လယ်ကွင်းသို့ လက်နက်ကြီး   သုံးလုံး၊  လောင်းဒုံ (မြို)   ကျေးရွာအတွင်းသို့  လက် နက်ကြီးကျည်   သုံးလုံးကျရောက် ပေါက်ကွဲခဲ့သည်။
AA  အဖွဲ့၏ ဆင်ခြင်တုံတရား ကင်းမဲ့စွာ    ပစ်ခတ်တိုက်ခိုက်ခဲ့မှု ကြောင့်    လောင်းဒုံ(မြို)ကျေးရွာ အတွင်းသို့   ကျရောက်ပေါက်ကွဲခဲ့ သည့် လက်နက်ကြီးကျည် သုံးလုံး သည်  ယင်းကျေးရွာနေ   ဦးဆော် မလုံး၏သား  အမည်ပေး  ကင်ပွန်း တပ်ပွဲ        ကျင်းပပြုလုပ်နေသည့် နေအိမ်အနီးသို့      ကျရောက် ပေါက်ကွဲခဲ့သဖြင့်   အသက်  ၅ နှစ်အရွယ်  ကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ် တစ်ဦးတို့အပါအဝင်   အမျိုးသား ကိုးဦး၊   အမျိုးသမီး  တစ်ဦး     စုစု ပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီး  အသက် ၃ နှစ်အရွယ်  ကလေးငယ်တစ်ဦး၊ အသက် ၄ နှစ်အရွယ်  ကလေးငယ် သုံးဦး      အသက်   ၅  နှစ်အရွယ် ကလေးငယ်သုံးဦးတို့   အပါအဝင် အမျိုးသား  ၂၁  ဦး၊    အမျိုးသမီး  သုံးဦး   စုစုပေါင်း   ၂၄  ဦးတို့တွင် လက်နက်ကြီးအစ     ထိမှန်ဒဏ်ရာ များ အသီးသီးရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင်      ထိခိုက် ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ဒေသခံ တိုင်းရင်းသား     ပြည်သူများကို တာဝန်ရှိသူများက    သွားရောက် ကြည့်ရှုအားပေး၍  မောင်တောမြို့ ပြည်သူ့ဆေးရုံသို့     သွားရောက် ဆေးကုသနိုင်ရေး     လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ခဲ့ပြီး    ထောက်ပံ့ငွေများ၊    ဆန်၊ ဆီနှင့်      စားသောက်ဖွယ်ရာများ ထောက်ပံ့    ပေးအပ်ခဲ့ကြောင်းနှင့် ကျေးရွာ    ပတ်ဝန်းကျင်တစ်ဝိုက် လုံခြုံရေး       တပ်ဖွဲ့ဝင်များက လိုအပ်သည့်    လုံခြုံရေးလုပ်ငန်း များ       ဆက်လက်ဆောင်ရွက် လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်