(၉) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံနှင့် (၄) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၃၀

 

မြန်မာနိုင်ငံက    အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်   (၉)  ကြိမ် မြောက်   အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံနှင့် (၄)ကြိမ်မြောက် အာဆီယံလုပ်ငန်း ခွင်  ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်    ကျန်းမာရေးကွန်ရက်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ Video Conference စနစ်ဖြင့် ကျင်းပသည်။ 

 


(၉)  ကြိမ်မြောက်    အာဆီယံ လုပ်ငန်းခွင်  ဘေးအန္တရာယ်ကင်း ရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံ    ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး   ဦးဝင်းရှိန်၊   အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံး၊ ASEAN-OSHNET အတွင်း ရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ စစ်ဆေးရေး အဖွဲ့(IALI)၊တရုတ်နိုင်ငံ၊ အရေးပေါ်    စီမံခန့်ခွဲရေးဝန်ကြီးဌာန (MEM)၊ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ် သမားနှင့်  သက်သာချောင်ချိရေး ဝန်ကြီးဌာန (MHLW)၊ ကိုရီးယား ပြည်သူ့သမ္မတနိုင်ငံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအေဂျင်စီ (KOSHA)တို့မှ ကိုယ်စားလှယ်များ၊ အာဆီ ယံအဖွဲ့ဝင်နိုင်ငံများမှ  ကိုယ်စား လှယ်များ၊    ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဆုရရှိသည့် ကုမ္ပဏီများမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်     ဒုတိယ ဝန်ကြီး    ဦးဝင်းရှိန်က အာဆီယံ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်း ရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် ညီလာခံကို ယခုနှစ် မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် "Str-engthening OSH Inspection Systems for Better Workplace" ခေါင်းစဉ်ဖြင့်    ကျင်းပမည်ဖြစ် ကြောင်း  အာဆီယံအဖွဲ့ဝင်နိုင်ငံ များအနေဖြင့်   ထိရောက်သည့် လုပ်ငန်းခွင်     ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်   ကျန်းမာရေး ဆိုင်ရာနည်းစနစ်များကို  ချမှတ် ဆောင်ရွက်လျက်ရှိပြီး     ပုံမှန် စစ်ဆေးခြင်းစနစ်မှ     Digital Platform  စစ်ဆေးခြင်းစနစ်သို့ တဖြည်းဖြည်း အသွင်ကူးပြောင်း လာကြသည်ကိုလည်း  တွေ့ရှိရ ကြောင်း၊  မြန်မာနိုင်ငံအနေနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်း ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ တိုးတက်   ကောင်းမွန်စေရေးကို ဦးစားပေး    ဆောင်ရွက်လျက်ရှိ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍    အာဆီယံ အတွင်းရေးမှူးချုပ်  H.E. Dato Lim Jock Hoi    က   အာဆီယံ ၏       စီးပွားရေးတိုးတက်မှု လမ်းကြောင်း၊        လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ  ကိစ္စရပ်များ ကို    မြှင့်တင်နိုင်ရေး   အာဆီယံ အနေဖြင့်    သိသာထင်ရှားသည့် အားထုတ်မှု   လုပ်ဆောင်ထားပါ ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ ပူးပေါင်း    ဆောင်ရွက်မှုများနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကတိကဝတ်များ   အားကောင်း ခိုင်မာစေရေး    လုပ်ဆောင်သွား ရမည်ဖြစ်ကြောင်း    ပြောကြားသည်။

 


ယင်းနောက် တက်ရောက်လာ ကြသည့်    မိတ်ဖက်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဆုရရှိ သည့် ကုမ္ပဏီများမှ တာဝန်ရှိသူ များက ညီလာခံ၏  ခေါင်းစဉ်နှင့် အညီ    ပါဝင်ဆွေးနွေး‌    အကြံပြု ကြသည်။

 


မွန်းလွဲပိုင်းတွင်  (၄)   ကြိမ် မြောက်   အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကွန်ရက်ဆုချီးမြှင့် ခြင်းအခမ်းအနားကို  ဆက်လက် ကျင်းပရာ   ဒုတိယဝန်ကြီး ဦးဝင်း ရှိန် က   ဒေသတွင်းလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက် ချက်ကောင်းမွန်သည့် ကုမ္ပဏီများ ကို အများပြည်သူသိရှိစေရန်နှင့် အသိအမှတ်ပြု ဆုများချီးမြှင့်ပေး ရန်၊ လုပ်ငန်းခွင်   ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးပုံရိပ် အား   မြှင့်တင်ပေးရန်   ရည်ရွယ် ချက်များဖြင့်     အာဆီယံလုပ်ငန်း ခွင်  ဘေးအန္တရာယ်   ကင်းရှင်းရေး နှင့်        ကျန်းမာရေးကွန်ရက် ဆုချီးမြှင့်ခြင်း    အခမ်းအနားကို ၂၀၁၆  ခုနှစ်မှစ၍  နှစ်  နှစ်လျှင် တစ်ကြိမ်   အာဆီယံ  အဖွဲ့ဝင်နိုင်ငံ များက  အိမ်ရှင်အဖြစ်  အလှည့်ကျ ကျင်းပပြုလုပ်ခဲ့ပြီး   ယခုစတုတ္ထ အကြိမ်တွင်      မြန်မာနိုင်ငံက လက်ခံကျင်းပခွင့်   ရရှိခဲ့ကြောင်း  နှင့်  အာဆီယံဒေသတွင်း  လုပ်ငန်း ခွင်ဘေးအန္တရာယ်   ကင်းရှင်းရေး နှင့်   ကျန်းမာရေး  အခန်းကဏ္ဍ တိုးတက်ရန်   များစွာအထောက် အကူဖြစ်ကြောင်း      ပြောကြား သည်။ 

 


ထို့နောက်      အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် က  အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဆုရရှိသည့် ကုမ္ပဏီများမှ တာဝန် ရှိသူများကို    ဆုတံဆိပ်နှင့်   ဆု လက်မှတ်များ ချီးမြှင့်သည်။

 


ASEAN-OSHNET Excelle-nce Award ဆုအား လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားကောင်း မွန်စွာ ဆောင်ရွက်နိုင်မှုကို အသိ အမှတ်ပြုရန်နှင့် ASEAN-OSHN-ET Best Practices Award ဆု ကို အသေးစားနှင့်  အလတ်စား လုပ်ငန်းများ၏    လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထ၊ ကျင့်စဉ်များ ချမှတ်ဆောင်ရွက်မှု ကို အားပေးချီးမြှောက်ရန်အတွက် နှစ် နှစ်လျှင် တစ်ကြိမ်  ပေးအပ် ချီးမြှင့်လျက်ရှိရာ    အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ၍ (၄) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင်     ဘေး အန္တရာယ်       ကင်းရှင်းရေးနှင့်   ကျန်းမာရေးကွန်ရက်ဆု  ချီးမြှင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ Excellence  Award  (၁)ဆုနှင့် Best Practices Award (၁)  ဆု  တို့ကို   ရရှိခဲ့ကြောင်း  သတင်းရရှိ သည်။              
         

သတင်းစဉ်