(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

 

နေပြည်တော်   မတ်    ၁၈


၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျရာက်မည့် (၇၈)နှစ်မြောက်   တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့်  ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်    စစ်တွေမြို့ရှိ    အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး(ခုတင်- ၅၀၀)၌ စစ်တွေတပ်နယ်မှ နယ်မြေခံ တပ်မတော်သား များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစု ဝင်များ၊   ဌာနဆိုင်ရာဝန်ထမ်းများ   စုစုပေါင်း ၂၀၁  ဦးတို့က     စုပေါင်း    သွေးလှူဒါန်းကြ သည်။

 


ထို့သို့ သွေးလှူဒါန်းနေမှုများကို ပြည်နယ် ဝန်ကြီးချုပ်    ဦးထိန်လင်း၊    အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်    တိုင်းမှူး    ဗိုလ်ချုပ် ထင်လတ်ဦးနှင့်  တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုအားပေးပြီး       သွေးအလှူရှင်များ အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာ များ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။


သတင်းစဉ်