နေပြည်တော် ဖေဖော်ဝါရီ ၂၂
(၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည် တော်ရှိ စစ်ကြောရေးနှင့် တည်းခို ရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော်နေ့ ကျင်းပ ရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်စစ်တီးဝိုင်း အဖွဲ့များက ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အား အလေးပြု ခြင်း၊ နိုင်ငံတော်အလံအလေးပြု ခြင်းနှင့် သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခြင်းတို့ကို အစီအစဉ် အတိုင်း ပြုလုပ်သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးက (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲ (ခ) အဆင့် စစ်တီးဝိုင်း ခေါင်းဆောင် ကျွမ်းကျင်မှု တတိယဆုရရှိသည့် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် ကိုယ်စား ပြု စစ်တီးဝိုင်းခေါင်းဆောင်၊ ဒုတိယဆုရရှိသည့် အရှေ့တောင် တိုင်းစစ်ဌာနချုပ် အမှတ်(၁)တပ်ခွဲကိုယ်စားပြု စစ်တီးဝိုင်း ခေါင်းဆောင်နှင့် ပထမဆုရရှိသည့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် အမှတ်(၂)တပ်ခွဲ ကိုယ်စားပြု စစ်တီးဝိုင်းခေါင်းဆောင်၊ (က)အဆင့်တွင် စစ်တီးဝိုင်း ခေါင်းဆောင် အကောင်းဆုံးဆု ရရှိသည့် ကာကွယ်ရေးဦးစီးချုပ် ရုံး(ရေ) ကိုယ်စားပြုစစ်တီးဝိုင်း ခေါင်းဆောင်တို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ (ခ)အဆင့် အသင်းလိုက် တတိယဆုရရှိသည့် အမှတ်(၅၅)ခြေလျင် တပ်မဌာန ချုပ် ကိုယ်စားပြုစစ်တီးဝိုင်း၊ ဒုတိယဆုရရှိသည့် အမှတ်(၁၁)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းနှင့် ပထမဆုရရှိသည့် အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းတို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့် သည်။
ထို့နောက် (က)အဆင့် အသင်းလိုက် တတိယဆုရရှိသည့် စစ်တက္ကသိုလ်ကိုယ်စားပြု စစ်တီး ဝိုင်း၊ ဒုတိယဆုရရှိသည့် မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ကိုယ်စားပြု ရဲတီးဝိုင်းနှင့် ပထမဆုရရှိသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)ကိုယ်စားပြု စစ်တီးဝိုင်း တို့ကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်သည်။
အဆိုပါတပ်မတော်နေ့ အထိမ်း အမှတ် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ကျင်းပပြုလုပ် ခဲ့ရာ ပြိုင်ပွဲဝင်စစ်တီးဝိုင်းအသင်း ပေါင်း ၃၁ သင်း ဝင်ရောက်ယှဉ်ပြိုင် ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်



