(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဖိတ်ခေါ်

နေပြည်တော်   ဩဂုတ်    ၂၇
၂၀၂၅ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင်  ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရောင်စုံဓာတ်ပုံ ပြိုင်ပွဲကို “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊   အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများ နှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှား သည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင် ရပါမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူး ထားသည့်   ရောင်စုံဓာတ်ပုံများသာဖြစ်ရမည်။   မည်သည့် ကင်မရာအမျိုးအစားမဆို   အသုံးပြုနိုင်ပါသည်။   ပြိုင်ပွဲဝင် ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစား တစ်မျိုးတည်းသာ    ပါဝင်ယှဉ်ပြိုင်ရန်နှင့်     ပုံအရေအတွက် အကန့်အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို တစ်ပါတည်း ပူးတွဲပေးပို့ရပါမည်။ ဒစ်ဂျစ်တယ် နည်းပညာဖြင့်     ပြုပြင်ဖန်တီးထားသော    ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံ များ၊   ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့် ဗီဒီယိုများ၌ အသုံးပြုခြင်းကို သဘော တူခွင့်ပြုရမည်။  ပြိုင်ပွဲဝင်ဓာတ်ပုံများတွင် ပြိုင်ပွဲဝင်သူအမည်၊ မှတ်ပုံတင်အမှတ်၊  နေရပ်လိပ်စာ၊  ဆက်သွယ်ရမည့်   ဖုန်း နံပါတ်၊  ဓာတ်ပုံ၏အကြောင်းအရာ၊  ရိုက်ကူးသည့်  နေရာ ဒေသတို့ကို  ဓာတ်ပုံများ၏  နောက်ကျော၌  သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲပေးပို့ရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၃၁ -  ၁၀ - ၂၀၂၄ ရက်နေ့ ညနေ ၄ နာရီ   နောက်ဆုံးထား၍   ညွှန်ကြားရေးမှူး  (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ  (ရန်ကုန်)၊  ပြန်ကြားရေးနှင့်  ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂/၂၄)၊ ပန်းဆိုးတန်းလမ်း (အောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊  ၀၁-၈၃၈၄၈၁၃ သို့  ဆ­က်သွယ်ပေးပို့ရမည် ဖြစ်ကြောင်းနှင့် ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဝင်ဓာတ်ပုံအဖြစ် လက်ခံမည်မဟုတ် ကြောင်း သိရသည်။
သတင်းစဉ်