(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြု ဆင်သေချောင်း ယာယီရေထိန်းဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေ

 

နေပြည်တော် ဖေဖော်ဝါရီ  ၁၁


(၇၆)နှစ်မြောက် ပြည်ထောင်စု နေ့ကို     ဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်း  ယာယီရေထိန်း ဆည်မှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေစတင်ပေးဝေခြင်း    အခမ်း အနားကို   ယနေ့   မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ  နယ်မြေ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာ ကျေးရွာအနီးရှိ  ဆင်သေချောင်း ယာယီ ရေထိန်းဆည်တွင် ကျင်းပ ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊      နေပြည်တော် ကောင်စီဥက္ကဋ္ဌ   ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊     ရေအသုံးချ မည့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

 


စံပြမြို့တော်ဖြစ်စေရေး


အခမ်းအနားတွင် ရေအသုံးချ မည့်တောင်သူများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က  နိုင်ငံ၏အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ကို     Clean City, Green City,     Smart City ဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်၍ အခြားတိုင်းဒေသ ကြီး ပြည်နယ်များ၏ စံပြမြို့တော် ဖြစ်စေရေး  ကြိုးပမ်းလျက်ရှိရာ တွင်   မိမိတို့    ဝန်ကြီးဌာနအနေ ဖြင့်   တစ်နှစ်ပတ်လုံး  စိမ်းလန်း စိုပြည်သော  ဒေသဖြစ်လာစေရေး အတွက်   အဓိကလိုအပ်ချက်ဖြစ် သည့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများနှင့်အတူ    သီးထပ်စွမ်းအား  တိုးတက်မြင့်မားစေရန်၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်စေရန် ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ ရေရနိုင် မည့် အရင်းအမြစ်များရှာဖွေခြင်း၊ ရှိပြီး သဘာဝရေအရင်းအမြစ်များ အကျိုးရှိစွာ     အသုံးချနိုင်ရေး အတွက် ချောင်းပိတ်၊  မြောင်းပိတ်၊ ယာယီရေထိန်းတမံများ    တည် ဆောက်ခြင်း၊  စုဆောင်းရရှိလာ သော ရေများကို ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်    နေရောင်ခြည်သုံး ဆိုလာစနစ် လျှပ်စစ်ရေတင်စက် များဖြင့် စိုက်ခင်းများသို့ ရေပေး ဝေရေးလုပ်ငန်းများကို   နေပြည် တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အချို့၌   ရှေ့ပြေးစံပြ ပုံစံဖြင့်     ဆောင်ရွက်ပေးလျက် ရှိကြောင်း။

 


တောင်သူ       တစ်ဦးချင်း လုပ်ကိုင်ရန် ခက်ခဲနိုင်သော်လည်း လယ်ယာကုန်ထုတ် သမဝါယမ အသင်းများဖွဲ့စည်းပြီး အသင်းဝင် များ၏       ရင်းနှီးမြှုပ်နှံမှုဖြင့် စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းများ၊ တန်ဖိုးမြင့်လယ်ယာသုံး စက်ကိရိ ယာများ    စုပေါင်းအသုံးပြုရေး လုပ်ငန်းများကို ကြိုးပမ်းကြရန် ဖြစ်ကြောင်း၊ နိုင်ငံတော်က စိုက်ပျိုး ရေးကဏ္ဍ တိုးတက်ဖြစ်ထွန်းလာ စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိနေမှုအပေါ်    တောင်သူ လယ်သမားများအနေဖြင့် ဧရိယာ တစ်ခုချင်းစီကနေ ချိတ်ဆက်ပြီး ဒေသတစ်ခုလုံး၏ လူမှုစီးပွားဘဝ တိုးတက်ရေး    ဝိုင်းဝန်းစုပေါင်း လုပ်ဆောင်သွားကြရန်   တိုက် တွန်းပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍   နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က နိုင်ငံတော်အစိုးရက မျိုး၊ မြေ၊ ရေ၊ နည်း  အပါအဝင်   လိုအပ်ချက် များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဒေသ၏    စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊     တောင်သူများ ၏    ဝင်ငွေမြင့်မားရေးအတွက် အားပေး ဆောင်ရွက်လျက်ရှိရာ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း ပြောကြား သည်။

 


ထို့နောက်   အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးနှင့် တောင်သူ ကိုယ်စားလှယ် နှစ်ဦးတို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြပြီး ဒုတိယ ဝန်ကြီး‌ ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီး မင်းနောင်တို့က ရေတင်စက် ခလုတ်နှင့် ရေဖျန်းစက်ခလုတ်တို့ ကို  နှိပ်၍ ရေစတင်ပေးဝေခဲ့ကြ သည်။

 


ယာယီရေထိန်းဆည်ဖွင့်ပွဲ


အလားတူ    ဇေယျာသီရိမြို့ နယ်    သာယာအေးကျေးရွာရှိ ဆင်သေချောင်း  ယာယီရေထိန်း ဆည်ဖွင့်ပွဲတွင်   ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု  စီမံခန့်ခွဲရေးဦးစီး ဌာန လက်ထောက်ညွှန်ကြားရေး မှူးနှင့် တောင်သူကိုယ်စားလှယ် နှစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး       ဒုတိယဝန်ကြီး‌ ဒေါက်တာတင်ထွဋ်နှင့်  နေပြည် တော်ကောင်စီဝင် ဦးမြင့်စိုးတို့က ရေတင်စက်ခလုတ်နှင့်   ရေဖျန်း စက်ခလုတ်တို့ကို နှိပ်၍ ရေစတင် ပေးဝေခဲ့ကြသည်။

 


ဆင်သေချောင်းနှင့်   ပုလွေး ချောင်းများရှိ နွေရာသီရေရှားပါး ချိန်တွင်   ရေစုဆောင်းရနိုင်မည့် နေရာများ၌  ယာယီချောင်းပိတ် ရေထိန်းဆည်များ  တည်ဆောက် ကာ   ဘေးဝဲယာတစ်လျှောက်ရှိ နှစ်စဉ်တစ်သီး၊    နှစ်သီး   ပုံမှန် စိုက်ပျိုးနေသော လယ်ယာမြေများ ကို   နွေသီးနှံအပါအဝင်   သုံးသီး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက် ရှိရာ  ယနေ့  ဖွင့်လှစ်သည့်  ပုဗ္ဗ သီရိမြို့နယ်   အေးမြင့်သာယာ ကျေးရွာရှိ ယာယီရေထိန်းဆည်မှ စိုက်ပျိုးမြေ ၁၈၅ ဧက နှင့် ဇေယျာ သီရိမြို့နယ် သာယာအေးကျေးရွာ ရှိ   ရေထိန်းဆည်မှ   စိုက်ပျိုးမြေ ၁၆၉  ဧကကို  ရေပေးဝေလျက် ရှိကြောင်း၊ နေပြည်တော် ကောင်စီ နယ်မြေအတွင်း   ရေရနိုင်သည့် ချောင်းများပေါ်၌ ယာယီရေထိန်း ဆည်များ တည်ဆောက်၍ ရေရရှိ ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ရာ စိုက်ပျိုးမြေဧက စုစုပေါင်း ၁၆၄၉ ဧကကို စိုက်ပျိုးရေပေးဝေနိုင်မည်ဖြစ်ပြီး   အချို့နေရာများ တွင်   စတင်ရေပေးဝေနေပြီဖြစ် ကြောင်း သိရသည်။    

သတင်းစဉ်