(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စစ်တွေမြို့ ဓညဝတီဂေါက်ကလပ်၌ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုပေးပွဲကျင်းပ

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၃


(၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲနှင့် ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက်က စစ်တွေမြို့ရှိ ဓညဝတီဂေါက်ကလပ်၌ ပြုလုပ်ရာ   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက် ကြသည်။

 


ဦးစွာ တိုင်းမှူးနှင့်  တာဝန်ရှိသူများက   တီခုံ နံပါတ်(၁)မှ ဂေါက်သီးရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး စတင်ယှဉ်ပြိုင်ကစားကြသည်။ ပြိုင်ပွဲအပြီး ဆုပေးပွဲ ကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိကြသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုဆုများ  ပေးအပ်ချီးမြှင့်သည်။   

 


အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင်   ပြိုင်ပွဲဝင်     အားကစားသမား   ၅၆ ဦး   ပါဝင်ယှဉ်ပြိုင်ကြောင်း   သတင်းရရှိသည်။

သတင်းစဉ်