
ပဲခူး နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အကြို တူယှဉ် တွဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးကိုယ်စားပြု အဆိုရှင်များ သီဆိုယဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ဆုများပေးအပ်
ထို့နောက် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို တူယှဉ်တွဲပျော်ဂီတပွဲတော် အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား လည်းကောင်း၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အတွင်းရေးမှူး တို့က နှစ်သိမ့်ဆုရရှိသူများအား လည်းကောင်း ဂုဏ်ပြု မှတ်တမ်းနှင့် ဂုဏ်ပြုဆုငွေကို အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။
ဧည့်ခံဖျော်ဖြေ
ယင်းနောက် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြို တူယှဉ်တွဲပျော်ဂီတပွဲတော်ဆုရ ပြိုင်ပွဲဝင် သုံးဦးတို့က ဧည့်ခံဖျော်ဖြေသီဆိုကြသည်။
အဆိုပါ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုတေးသီချင်းသီဆိုမှုပြိုင်ပွဲ အတွက် တိုင်းဒေသကြီးကိုယ်စားပြု အဆိုရှင်များ သီဆိုယှဉ်ပြိုင်ပွဲတွင် ပဲခူးခရိုင်မှ ခြောက်ဦး၊ တောင်ငူ ခရိုင်မှ နှစ်ဦး၊ ပြည်ခရိုင်မှ သုံးဦးနှင့် သာယာဝတီခရိုင် မှ သုံးဦး စုစုပေါင်း ပြိုင်ပွဲဝင် ၁၄ ဦးတို့က ပြဋ္ဌာန်း သီချင်းသုံးပုဒ်ဖြင့် ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ငွေကျပ် ၁၀ သိန်းအား ပဲခူးခရိုင်မှ ဒေါ်အိဟေမာန်၊ ဒုတိယဆု ငွေကျပ် ခြောက်သိန်းအား ပဲခူးခရိုင်မှ ဦးကိုကို ဝင်းနှင့် တတိယဆုငွေကျပ်သုံးသိန်းအား တောင်ငူ ခရိုင်မှ ဒေါ်ချစ်နုတို့က ဆွတ်ခူးရရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်