(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဖလား ကြက်တောင်ပြိုင်ပွဲ တိုက်ကြီးခရိုင်အသင်း တံခွန်စိုက်ဆုဖလားဆွတ်ခူး

 

ရန်ကုန်   ဒီဇင်ဘာ   ၁၆ 


(၇၅)  နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်  ရန်ကုန်တိုင်းဒေသ ကြီး  ဝန်ကြီးချုပ်ဖလား  ကြက်တောင် ပြိုင်ပွဲကို   ရန်ကုန်မြို့   လမ်းမတော် မြို့နယ် ကျုံးကြီးလမ်း    ကြက်တောင်ရုံ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း   တက်ရောက်ကြည့်ရှုအား ပေးသည်။

 


ဗိုလ်လုပွဲ၌   အမျိုးသားအသင်း လိုက်တွင်  တိုက်ကြီးခရိုင် အသင်းနှင့်    ကျောက်တံတားခရိုင်     အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ       တိုက်ကြီးခရိုင် အသင်းက    ကျောက်တံတားခရိုင်  အသင်းကို   သုံးပွဲ - တစ်ပွဲဖြင့်  အနိုင်ရရှိ သည်။

 


ပြိုင်ပွဲအပြီး   အမျိုးသားအသင်း လိုက်တွင် ပူးတွဲတတိယဆုရ  အင်းစိန် အသင်းနှင့်       ဒဂုံမြို့သစ်ခရိုင်အသင်း၊ ဒုတိယဆုရ     ကျောက်တံတားခရိုင် အသင်းတို့ကို       တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာကော်မတီဥက္ကဋ္ဌဦးဌေးအောင်၊     တိုင်းဒေသကြီး အတွင်းရေးမှူး၊       တိုင်းဒေသကြီး ကြက်တောင်ဆပ်ကော်မတီ ဥက္ကဋ္ဌ  တို့ က တစ်ဦးချင်းဆုတံဆိပ်နှင့်‌  ငွေသား ဆုများ ပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်     ပထမဆုရ   တိုက်ကြီး ခရိုင်အသင်းအား      တိုင်းဒေသကြီး       ဝန်ကြီးချုပ်က     တစ်ဦးချင်းဆုတံဆိပ်၊  ငွေသားဆုနှင့်    တံခွန်စိုက်ဆုဖလား       ပေးအပ်ချီးမြှင့်သည်။

 

ယင်းပြိုင်ပွဲ ကို ဒီဇင်ဘာ   ၁၄  ရက်မှ  ၁၆ ရက်အထိ  ကျင်းပခဲ့ပြီး ခရိုင် ၁၄ ခရိုင်မှ အားကစား သမား  ၈၀ ကျော်   ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြကြောင်း သိရသည်။   


 အာကာစိုး
ဓာတ်ပုံ - တင်စိုး