(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

 

မြစ်ကြီးနား    ဇန်နဝါရီ   ၇
၂၀၂၃ခုနှစ် ဇန်နဝါရီ  ၁၀  ရက်တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတု       ကချင်ပြည်နယ်နေ့ အခမ်းအနားများ  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ကဏ္ဍ အလိုက်     ဌာနဆိုင်ရာများ၏ ပြင်ဆင်ဆောင်ရွက်နေမှု  အခြေ အနေများကို ပြည်နယ်စီးပွား‌ရေးရာ ဝန်ကြီး ဦးမျိုးဆွေနှင့် ပြည်နယ် သယံဇာတရေးရာ      ဝန်ကြီး ဦးတိန့်ဆောင်တို့က ဇန်နဝါရီ ၇ ရက်တွင်       ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး များနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူ များသည်     (၇၅)နှစ်မြောက် စိန်ရတု     ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်  ဖွင့်လှစ်သွားမည့် မြစ်ကြီးနားမြို့  သီတာရပ်ကွက်ရှိ အသစ်ဆောက်လုပ် ပြီးစီးသည့် ရေကူးပြေးလမ်း     ၁၀  လမ်းပါ  ငြိမ်းချမ်းသာယာ‌   ရေကူးကန်  နှင့်‌      ရေကူးကန်အဝင်လမ်း ဆောင်ရွက်ထားရှိမှုနှင့် ပြည်နယ် အစိုးရအဖွဲ့     ရုံးဝင်းအတွင်း မြက်ခင်းပြင်၌ မနောကွင်းပုံစံငယ် တည်ဆောက်ထားရှိမှုနှင့် စိန်ရတု ကချင်ပြည်နယ်နေ့     အထိမ်း အမှတ်   ခင်းကျင်းပြသသွားမည့် ဌာနဆိုင်ရာပြခန်းများ၊    ဒေသ ထုတ်ကုန်ပြခန်းများ    ပြင်ဆင် ဆောင်ရွက်နေမှုများကို  ကြည့်ရှု စစ်ဆေးသည်။
ထိုမှတစ်ဆင့်     ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများ သည် ဧရာရပ်ကွက်ရှိ  ပြည်နယ် အားကစားနှင့်     ကာယပညာ ဦးစီးဌာနသို့ရောက်ရှိပြီး  ပြည်နယ် မိုးလုံလေလုံ   အားကစားခန်းမ အတွင်း စိန်ရတုကချင်ပြည်နယ် နေ့အထိမ်းအမှတ်    ကျင်းပမည့်   မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီး အတွက်       ကြိုတင်ပြင်ဆင်  ဆောင်ရွက်နေမှုများကို  ကြည့်ရှု စစ်ဆေးသည်။
ထို့နောက်  ပြည်နယ်ဝန်ကြီး များနှင့်   တာဝန်ရှိသူများသည် မြစ်ကြီးနား  လေဆိပ်အတွင်းရှိ (၇၅)နှစ်မြောက်  စိန်ရတုကချင် ပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ဖွင့်လှစ်သွားမည့် လေဆိပ်ဝင်းအတွင်း ပန်းဥယျာဉ် နှင့် စိုက်ပျိုးထားရှိသည့် ပန်းအလှ ပင်များ၊ အလှပန်းအိုးများ ပြင်ဆင် ထားရှိမှု     အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည်များအား       ညှိနှိုင်း ပေါင်းစပ် ‌ဆောင်ရွက်ပေးကြောင်း     သိရ သည်။       
  ပြည်နယ်(ပြန်/ဆက်)