(၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့နေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ ဆက်လက်ခွဲစိတ်ကုသ

 

နေပြည်တော်    စက်တင်ဘာ  ၂၈


၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်းတပ်ဖွဲ့ နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံး အကြိမ်အဖြစ် အသည်းအစားထိုးခွဲစိတ် ကုသမှု ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသ ကြီး    မင်္ဂလာဒုံမြို့နယ်     တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌  ဆက်လက် ပြုလုပ်သည်။ 

 


အဆိုပါ အသည်းအစားထိုးကုသမှုတွင် ဒေါ်ခင် သူဇာမျိုးနှင့် အသည်းအလှူရှင်ဖြစ်သည့် ဒေါ်ကေသီ မြင့်တို့ကို ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 


အသည်းအစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်းထုတ်ယူ ခြင်းကို ယနေ့နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး စုစုပေါင်း ခွဲစိတ်ချိန် ၁၂ နာရီခန့်  ကြာမြင့်ခဲ့သည်။ အသည်း အလှူရှင်လူနာနှင့်     အသည်းလက်ခံလူနာများ၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ် သော  ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့်    သူနာပြု/ ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။   ထိုသို့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြား‌ရေးမှူး ရုံး    ညွှန်ကြားရေးမှူး    ဗိုလ်ချုပ် ကိုကိုလွင်နှင့် အစာအိမ်အူလမ်းကြောင်းနှင့်      အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ)မှ တာဝန်ရှိသူများက ကြည့်ရှု အားပေးကြသည်။

 


ယခင်ပထမနေ့က   ခွဲစိတ်ထားသော  အသည်း အလှူရှင်လူနာနှင့် အသည်းအစားထိုး ခွဲစိတ်ကုသမှု ခံယူသည့် လူနာနှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး ပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြုများက လိုအပ်သည့် ကြပ်မတ်ကုသမှု များကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်