
ပလက်ဝ ဖေဖော်ဝါရီ ၂၁
ချင်းပြည်နယ် ပလက်ဝမြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျရောက်သည့် (၇၅)နှစ် မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီက ပလက်ဝမြို့ ခူမီးယဉ်ကျေးမှု ပြတိုက်ရှေ့ ကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော် အလံအား အလေးပြုကာ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များနှင့် ချင်းအမျိုး သား ခေါင်းဆောင်များအား အလေးပြုကြသည်။ ထို့နောက် သဘာပတိကြီး ဦးစံသာလှက အဖွင့်မိန့်ခွန်း ပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ဖတ်ကြားသည်။
ဆက်လက်၍ ချင်းအမျိုးသား နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ကို မရာ(ချင်း)တိုင်းရင်းသူ ဒေါ်ငွန်ဒေါက ဖတ်ကြားပြီး နယ်မြေခံတပ်မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းက ဂုဏ်ပြု အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နယ်မြေခံတပ် မှ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ချင်း အမျိုးသားနေ့ကျင်းပရေးကော်မတီ များ၊ ခူမီး(ချင်း)၊ မရာ(ချင်း)၊ လေးတူ(ချင်း)၊ အနူ(ချင်း)၊ ခေါင်စို (ချင်း) မျိုးနွယ်စုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ရခိုင်နှင့် အခြားတိုင်းရင်းသားများ တက် ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)