(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပဒေသာကပွဲကျင်းပမည့် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံအား ကြည့်ရှုစစ်ဆေး

 

ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊  ပြည်သူများအားလုံးက  လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နားလည်မှု၊ စေတနာအရင်းခံတို့ဖြင့် ပူးပေါင်းဆောင်ရွက်ပါက အောင်မြင်မည်ဟု ယုံကြည်

 

နေပြည်တော် စက်တင်ဘာ ၂၉ 


၂၀၂၃  ခုနှစ်   (၇၅)  နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပဒေသာကပွဲကို  နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အထိ နေပြည် တော် မြို့တော်ခန်းမ လဟာပြင် ကဇာတ်ရုံ၌    ကျင်းပရန်    စီစဉ် ဆောင်ရွက်လျက်ရှိသည်။

 


ပြန်ကြားရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးမောင် မောင်အုန်း၊       နေပြည်တော် ကောင်စီဥက္ကဋ္ဌ   ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများသည်     ယနေ့ မွန်းလွဲ ၁ နာရီတွင် ပဒေသာကပွဲ ကျင်းပမည့် နေပြည်တော်မြို့တော် ခန်းမ    လဟာပြင်ကဇာတ်ရုံကို  ကြည့်ရှုစစ်ဆေးကြသည်။

 


ရှေးဦးစွာ     ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည်     မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ       အနီးရှိ အစည်းအဝေးခန်းမ၌    ရုပ်ရှင် ဒါရိုက်တာများ၊ အနုပညာရှင်များ နှင့် တွေ့ဆုံသည်။ 

 


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီး ဦးရဲတင့်၊  နေပြည်တော်ကောင်စီ ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ရုပ်ရှင်ဒါရိုက်တာများ၊ အနုပညာရှင်များ   တက်ရောက်ကြသည်။ 

 


တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက ဆွေးနွေးပြောကြားရာတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ် ပဒေသာကပွဲ ကြီးကို နေပြည်တော်၌  ၅ ရက် ကြာ     ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်  ဖြစ်ပါကြောင်း၊ အဆိုပါပဒေသာကပွဲ   အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပ မည့်နေရာကို  ယနေ့တွင်  မြေပြင် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည် များ    တိုင်ပင်ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊  ပဒေသာကပွဲကို တစ်ဦး၊   တစ်ယောက်၊   တစ်ဖွဲ့၊ အဖွဲ့အစည်း     တစ်ခုအတွက် ကျင်းပခြင်း မဟုတ်ဘဲ (၇၅) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အနေဖြင့်    ပြည်သူများ အားလုံးအတွက်    ကျင်းပခြင်း ဖြစ်ပါကြောင်း၊  ဌာနဆိုင်ရာများ၊ အနုပညာရှင်များ၊  ပြည်သူများ အားလုံးက  လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်  နားလည်မှု၊ စေတနာအရင်းခံတို့ဖြင့် ပူးပေါင်း ဆောင်ရွက်ပါက အောင်မြင်မည် ဟု ယုံကြည်ပါကြောင်း။ 

 


ပဒေသာကပွဲတွင်    ရုပ်ရှင်၊ သဘင်၊  ဂီတအနုပညာရှင်များ၊ ဝန်ထမ်းများက   ပူးပေါင်းပါဝင် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး တစ်နေ့လျှင် ၄ နာရီခန့် ကြာမြင့် မည်ဟု လျာထားပါကြောင်း၊  ယခု ပဒေသာကပွဲကို   ထူးခြားသည့် တင်ဆက်မှုများဖြင့် ကပြဖျော်ဖြေ နိုင်ရန် စီစဉ်ဆောင်ရွက်ကြစေလို ပါကြောင်း၊ ကိုဗစ် - ၁၉  ကြောင့် ရပ်နားထားရသည့်   နောက်ပိုင်း အနုပညာရှင်များ ပြန်လည်စုစည်း ဖျော်ဖြေတင်ဆက်သည့်  ပထမ ဆုံးပွဲ တစ်ပွဲလည်း ဖြစ်ပါကြောင်း၊ ကိုဗစ် - ၁၉ ကြောင့် စိတ်ညစ်ညူး နေသည့်  ပြည်သူများကို  အနု ပညာရှင်များက လေးနက်သည့် အနှစ်သာရများဖြင့်   စိတ်အပန်း ပြေစေရန် ၊ စိတ်ရွှင်လန်းတက်ကြွ စေရန်       ဆောင်ရွက်နိုင်သည့် ပွဲဟုလည်း   ဆိုချင်ပါကြောင်း ပြောကြားသည်။

 


ထို့နောက်   နေပြည်တော် ကောင်စီဥက္ကဋ္ဌ  ဦးတင်ဦးလွင်က လွတ်လပ်ရေး၏ အနှစ်သာရနှင့် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ပဒေသာကပွဲကြီး  ‌အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်     မိမိတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း     ပြောကြားသည်။ 

 


ဆက်လက်၍  တက်ရောက် လာကြသူများက   ပဒေသာကပွဲ ကြီး ကျင်းပနိုင်ရန် လိုအပ်သည် များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီး၊  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင် ဒါရိုက်တာများ၊   အနုပညာရှင် များသည်   ပဒေသာကပွဲကျင်းပ မည့် လဟာပြင်ကဇာတ်ရုံအတွင်း မီးဆလိုက်ဆင်မည့်  နေရာများ၊ တီးဝိုင်းအဖွဲ့    ထားရှိမည့်နေရာ များ၊     ဇာတ်စင်အနေအထား၊ အဝတ်အစားလဲမည့်ခန်းမ၊    နေ ထိုင်စားသောက်ရေးနေရာများကို လှည့်လည်ကြည့်ရှုပြီး     လိုအပ်သည်များ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။                    

 

သတင်းစဉ်