
နေပြည်တော် ဒီဇင်ဘာ ၃၁
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင်ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဂေါက်ကလပ်၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြိုင်ပွဲအား Smoke Ball ရိုက်၍ ဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်အသင်းသားများကို လိုက်လံတွေ့ဆုံ၍ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်