
နေပြည်တော် ဇန်နဝါရီ ၃
၂၀၂၂ ခုနှစ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း(Sports Complex)ရှိ သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများ၌ ဆက်လက်ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲများသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်း၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အားကစားဝါသနာရှင်များ တက် ရောက် ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာနအသင်း၊ ဘော်လီ ဘော (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင် မှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ တို့တွင် အကောင်းဆုံး စပေးဘော ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံး ရိုက်ခုပ်ဆု၊ အကောင်းဆုံး ပိတ်ဆို့ဆု၊ အကောင်းဆုံး ခုခံဆယ်မဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိကြသူများ ကို ဆုတံဆိပ်နှင့် ဆုငွေကျပ် တစ်သိန်းစီ ချီးမြှင့်သည်။
ဆက်လက်၍ ဘော်လီဘော ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ဘော်လီဘော (အမျိုး သမီး) ပြိုင်ပွဲ ဒုတိယဆုရ ကာကွယ်ရေးဝန်ကြီးဌာန အသင်း နှင့် ပထမဆုရ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ဒုတိယဆုရ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းနှင့် ပထမဆုရ ကာကွယ်ရေးဝန်ကြီးဌာနအသင်း ကို ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံကလည်းကောင်း ဆုများ ချီးမြှင့်သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)၌ ပိုက်ကျော်ခြင်း (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲစဉ် အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့် ပြည်ထဲရေးဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီး ဒုတိယဆုရ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးမင်း သိန်းဇံကလည်းကောင်း၊ ပထမ ဆုရ ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက လည်း ကောင်း ဆုများချီးမြှင့်သည်။
ထို့နောက် ဖူဆယ်အားကစား ရုံ၌ ဖူဆယ် (အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေး ဝန်ကြီးဌာနအသင်းနှင့် ကာကွယ် ရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးပြီး ဒုတိယဆုရ ကာကွယ်ရေးဝန်ကြီး ဌာနအသင်းနှင့် ပထမဆုရ ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ဆုများ ချီးမြှင့်သည်။
ဇန်နဝါရီ ၄ ရက်တွင် နံနက် ၇နာရီမှစ၍ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ အပြေး(ကျား/မ) မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများ ကို ကျင်းပပြုလုပ်သွား မည်ဖြစ်ပြီး နံနက် ၈ နာရီမှစ၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ လွန်ဆွဲ (အမျိုး သား) တတိယလုပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန အသင်း နှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း၊ လွန်ဆွဲ (အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အသင်းနှင့် ကာကွယ်ရေးဝန်ကြီး ဌာနအသင်း၊ လွန်ဆွဲ(အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာနအသင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာန အသင်း၊ လွန်ဆွဲ (အမျိုးသမီး) ဗိုလ်လုပွဲစဉ်အဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းနှင့် အားကစားနှင့် လူငယ် ရေးရာ ဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ထို့ပြင် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၌ ထုပ်ဆီးတိုး (အမျိုးသမီး) တတိယလုပွဲ ပွဲစဉ်အဖြစ် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအသင်းတို့က လည်းကောင်း၊ (ဗိုလ်လုပွဲ) ပွဲစဉ်အဖြစ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန အသင်း တို့က ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်