(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 

ဘားအံ    ဇန်နဝါရီ    ၁


ကရင်ပြည်နယ်၏   အထင်ကရ ဖြစ်သော     ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်း မရှိသော သဘာဝအလှအပများကို သိရှိခံစား နိုင်စေရန်၊ ခြေလျင် တောင်တက် အားကစားကို လူအများ စိတ်ပါ ဝင်စားလာစေရန်နှင့်     အဆိုပါ အားကစားနည်းအား    လေ့လာ လိုက်စား   ဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ       ပြည်နယ်သား များ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန် ရည်ရွယ်၍    (၇၄)   နှစ်မြောက် လွတ်လပ်ရေးနေ့အကြို  အထိမ်း အမှတ်   ဇွဲကပင်  တောင်တက်/ တောင်ဆင်းပြိုင်ပွဲကို    ဇန်နဝါရီ ၁  ရက်      နံနက်  ၆  နာရီက    ဇွဲကပင်အရှေ့ခြမ်း၊ သစ်ချကျေးရွာ တံတားဖြူမှ    စတင်တာလွှတ်   ယှဉ်ပြိုင်သည်။

 


အဆိုပါပြိုင်ပွဲကို အသက် ၄၀ နှစ်အထက်   အမျိုးသား   အမျိုး သမီးပြိုင်ပွဲနှင့်  အသက်(၄၀)နှစ် အောက် အမျိုးသား အမျိုးသမီး ပြိုင်ပွဲဟူ၍   ပြိုင်ပွဲအမျိုးအစား လေးမျိုးခွဲ၍    ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲဝင်    စုစုပေါင်း  ၄၈၆  ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကာ ကရင် ပြည်နယ်    တိုင်းရင်းသားရေးရာ ဝန်ကြီး    ဦးစန်းကိုက    ဇွဲကပင် အရှေ့ခြမ်း      သစ်ချကျေးရွာ တံတားဖြူထိပ်၌        သေနတ် ပစ်ဖောက်   တာလွှတ်ပေးခဲ့ရာ  ပြိုင်ပွဲဝင်များက အမြင့် ပေ ၂၇၂၇ ပေရှိ မတ်စောက်သော တောင်ကို ကျော်၍    ဇွဲကပင်အနောက်ခြမ်း  တော်ပုံကျေးရွာ    အလယ်တန်း    ကျောင်းခွဲရှေ့၌ ပန်းဝင်ခဲ့ကြသည်။

 


ထို့နောက်   ပြည်နယ်ဝန်ကြီး ချုပ်     ဦးစောမြင့်ဦး၊    ပြည်နယ်    သယံဇာတရေးရာဝန်ကြီး ဦးဇော် ဝင်း၊  ဇွဲကပင်တောင် ဆရာတော် ဘုရားကြီး      မဟာမင်္ဂလာဓမ္မ  ဇောတိကဓဇ ဘဒ္ဒန္တကဝိဓဇ၊  ရပ်မိ ရပ်ဖ    ဦးစောဖိုးနီနှင့်     ကရင် အမျိုးသားအစည်းအရုံး  (KNU) ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစော ရွှေမောင်း၊ ဘားအံ တောင်တက် အသင်းဥက္ကဋ္ဌ၊ ကရင်အမျိုးသား အစည်းအရုံး/  ကရင်အမျိုးသား   လွတ်မြောက်ရေး တပ်မတော်  -    ငြိမ်းချမ်းရေးကောင်စီ   (KNU/KNLA - PC)      ဒုတိယဥက္ကဋ္ဌ ဒေါက်တာ    နော်ကပေါ်ထူးနှင့်   ပြည်နယ်အဆင့်   ဌာနဆိုင်ရာ   တာဝန်ရှိသူများက   ဆုရရှိသူများ ကို ဂုဏ်ပြုဆုငွေနှင့်  ဆုဖလားကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ 


စောမျိုးမင်းသိန်း(ပြန်/ဆက်)