(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၄


၂၀၂၂ ခုနှစ်    (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့     နိုင်ငံတော် အလံတင်      အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်း အနားကို  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့  ရင်ပြင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊   ထိန်းချုပ်၊ ကုသရေး  ညွှန်ကြား ချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားကို (၁)ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့်     အချုပ် အခြာအာဏာ  တည်တံ့ခိုင်မြဲရေးတို့ အတွက်   တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ်စောင့်ရှောက် ရေး။ 


စာမျက်နှာ ၁၀ ကော်လံ ၁ သို့ m

(၂) စစ်မှန်ပြီး  စည်းကမ်းပြည့်ဝ သည့်             ဒီမိုကရေစီစနစ် ကို   စောင့်ရှောက်ဖော်ဆောင်၍ ကောင်းမွန်သန့်ရှင်းသော အစိုးရ တစ်ရပ်နှင့် အုပ်ချုပ်မှုပုံစံ ပေါ်ထွန်း လာစေရေး။ (၃)နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ ၍ တိုင်းရင်းသားအားလုံး စည်းလုံး ချစ်ခင်စွာ   ပူးပေါင်းဆောင်ရွက် ရေး။   (၄) ပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ထာဝရ ငြိမ်းချမ်းရေး   ရရှိရန်အတွက် ကြိုးပမ်းဖော်ဆောင်ရေးဟူသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ နှင့်အညီ အနှစ်သာရ ပြည့်ဝစွာ ကျင်းပခြင်းဖြစ်သည်။


နိုင်ငံတော်အလံ လွှင့်တင်


ရှေးဦးစွာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ၂၀၂၂ ခုနှစ်  (၇၄)နှစ် မြောက်       လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနား ကို ကျင်းပရာ အလံတင်တပ်စုက တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ နိုင်ငံတော်အလံကို လွှင့်တင် သည်။


ထို့နောက်     နံနက် ၆ နာရီ တွင်   ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု   စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊     တပ်မတော် အရာရှိကြီးများ၊   ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး      အဖွဲ့ဝင်များ၊ ပြည်ထောင်စု      ရွေးကောက်ပွဲ ကော်မရှင်        အဖွဲ့ဝင်များ၊ နေပြည်တော်  တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊   ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု     ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ၊   မြန်မာနိုင်ငံတော် ဗဟိုဘဏ်      ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်   ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ   ဒုတိယမြို့တော်ဝန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများ သည် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပမည့် မြို့တော် ခန်းမရှေ့ရင်ပြင်သို့    ဝင်ရောက် နေရာယူကြသည်။
ယင်းနောက် နံနက် ၇ နာရီတွင် ၂၀၂၂ ခုနှစ်   (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့   နိုင်ငံတော် အလံအလေးပြုပွဲ အခမ်းအနားကို ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ)     ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမရှေ့     ရင်ပြင်သို့ ချီတက်နေရာယူကြသည်။


ထို့နောက်   (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့    ကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊       ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အလေးပြုခံစင်မြင့်သို့ ရောက်ရှိပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကို ခံယူသည်။
အလေးပြု


ယင်းနောက်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့်   (၇၄)နှစ် မြောက်  လွတ်လပ်ရေးနေ့  အခမ်း အနားသို့ တက်ရောက်လာကြသူ များသည် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို     အလေးပြုကြ သည်။


ဆက်လက်၍ ဂုဏ်ပြုတပ်ဖွဲ့က ကျဆုံးလေပြီးသော ခေါင်းဆောင် ကြီးများနှင့် တပ်မတော်သားများ အား အလေးပြု၍ သစ္စာလေးချက် ကို သံပြိုင်ရွတ်ဆိုကြသည်။
ယင်းနောက်       နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဒုတိယ ဥက္ကဋ္ဌ၊         ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင် ထံမှ  (၇၄)နှစ်မြောက်  လွတ်လပ် ရေးနေ့    အခမ်းအနားသို့ ပေးပို့ သည့်   သဝဏ်လွှာကို   ဖတ်ကြား သည်။


ထို့နောက်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်သည်   ဂုဏ်ပြု တပ်ဖွဲ့၏      အလေးပြုခြင်းကို ခံယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ သည်။      

               
 သတင်းစဉ်