
ကျောင်းကုန်း ဒီဇင်ဘာ ၂၂
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက စုရပ်အသီးသီး၌ ကျင်းပကြသည်။
အထက်တန်းဆင့် လွန်ဆွဲပြိုင်ပွဲကို အစုကြီး အခြေခံပညာအထက် တန်းကျောင်းနှင့် ဒေါင့်ကြီး အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း၊ အလယ်တန်းဆင့် ထုပ်ဆီးတိုးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လည်းကောင်း ၊ မူလတန်းဆင့် မီတာ ၅၀ ၊ ပူဖောင်းဖောက်၊ အာလူးကောက်နှင့် ဂုန်နီ အိတ်စွပ်ပြိုင်ပွဲကို (မြို့မ) အခြေခံပညာမူလတန်းကျောင်းတွင် လည်းကောင်း ကျင်းပကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)