
ရန်ကုန် စက်တင်ဘာ ၄
၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်နိုင်ငံ လူဝီစီးယားနား ပြည်နယ် နယူးအော်ရီလင်း ၌ ကျင်းပမည့် (၇၁) ကြိမ် မြောက် မယ်စကြဝဠာပြိုင်ပွဲ ကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု အဖြစ် Miss Universe Myanmar 2022 ဆုရှင် ဇာလီမိုး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
(၇၁) ကြိမ်မြောက် မယ်စကြ ဝဠာ ပြိုင်ပွဲကြီးအတွက် (၉)ကြိမ် မြောက် Miss Universe Myanmar ဖိုင်နယ်ပြိုင်ပွဲကြီး ကို အောက်တိုဘာ၁ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ Miss Universe Myanmar 2022 ဆုရှင် ဇာလီမိုး ရရှိသည်။
Miss Universe Myanmar 2022 ဆုရှင် ဇာလီမိုးသည် ကချင်ပြည်နယ် ဗန်းမော်မြို့ဇာတိ ဖြစ်ပြီး ပြည်ပပြိုင်ပွဲ ပထမဆုံး ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရ သည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၈၀ ကျော်မှ အလှမယ်များနှင့် အတူ Miss Universe Myanmar 2022 ဆုရှင် ဇာလီမိုး ပါဝင် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်