(၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၇


နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏  နေ့ထူးနေ့မြတ် ဖြစ်သော (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့  နံနက် ၆ နာရီခွဲတွင်  ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များနှင့် ပြည်ထောင်စု ဝန်ကြီးများ တက်ရောက်ချီးမြှင့်ကြသည်။

 


အခမ်းအနားသို့    နိုင်ငံတော် စီမံအုပ်ချုပ်ရေး         ကောင်စီဝင် မန်းငြိမ်းမောင်၊      စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြ သည့်       ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊     ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊  ဦးစော ထွန်းအောင်မြင့်၊    ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အစိုးရ အဖွဲ့ဝင်များ၊    ကရင်အမျိုးသား အစည်းအရုံး    (KNU)၊    ကရင် အမျိုးသား     လွှတ်မြောက်ရေး တပ်မတော်/ကရင်   အမျိုးသား အစည်းအရုံး           (ငြိမ်းချမ်းရေး ကောင်စီ)  KNU/ KNLA(PC)၊ ဒီမိုကရေစီအကျိုးပြု      ကရင် တပ်မတော် (DKBA)၊ ကရင်ပြည် နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများ တက် ရောက်ကြသည်။

 


အလေးပြု


ဦးစွာ သဘာပတိ အဖွဲ့ဝင်များ နေရာယူအပြီး     ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံနှင့်  ကျဆုံးလေပြီးသော  အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော် အပေါင်းတို့ကို     အလေးပြုကြ သည်။

 


အမှာစကားပြောကြား


ထို့နောက်      ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော်၊  နိုင်ငံ တော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၆၇) နှစ်မြောက်  ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ     အဖွဲ့ဝင် မန်းငြိမ်းမောင်က  ဖတ်ကြားပြီး ကရင်ပြည်နယ်     ဝန်ကြီးချုပ် ဦးစောမြင့်ဦး  က   နှုတ်ခွန်းဆက်   အမှာစကား ပြောကြားသည်။

 


ယင်းနောက်   နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး    ထွန်းထွန်း နောင် က 90 W ဆိုလာ အစုံ ၁၀၀၊  အားကစားနှင့်           လူငယ်ရေးရာ  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံက Outdoor Fitness   ၁၀ စုံ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း အားကစားပစ္စည်း များကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ထံ ပေးအပ်ကြသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဆက်လက်၍    (၆၇)   နှစ်  မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊     စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး       ဒုတိယ ဗိုလ်ချုပ်ကြီး    ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်း    စစ်ဌာနချုပ်     တိုင်းမှူး ဗိုလ်ချုပ်    မြတ်သက်ဦး၊    ကရင် အမျိုးသားအစည်းအရုံး   (KNU) ဒူးပလာယာခရိုင်  ဥက္ကဋ္ဌ    ပဒိုရွှေ မောင်း၊ ကရင်အမျိုးသား အစည်း အရုံး (KNU) ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်ဧ၊ ကရင်အမျိုးသား လွတ်မြောက်ရေး    တပ်မတော်/ကရင်အမျိုးသား   အစည်းအရုံး  ငြိမ်းချမ်းရေးကောင်စီ     KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် (ငြိမ်း) ဦးဇော်မင်းနှင့် မြို့မိမြို့ဖ ဦးစောအောင်ပွင့် တို့က  (၆၇) နှစ်မြောက် ကရင်ပြည်နယ် နေ့   အထိမ်းအမှတ်  မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေး  ကောင်စီဝင်  မန်းငြိမ်းမောင် က (၆၇) နှစ်မြောက် ကရင်ပြည် နယ်နေ့ အထိမ်းအမှတ် မုခ်ဦးအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 


ချိုးဖြူငှက် ၆၇ ကောင်ကို လွှတ်ပေး


ထို့နောက်      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်း မောင်က ဦးဆောင်၍ ပြည်ထောင်စု ဝန်ကြီးများ၊      ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း    စစ်ဌာနချုပ်  တိုင်းမှူး၊ တိုင်းရင်းသားလက်နက်  ကိုင်    ငြိမ်းချမ်းရေးအဖွဲ့အစည်း များနှင့် တက်ရောက်လာသူများ က (၆၇) နှစ်မြောက် ကရင်ပြည် နယ်နေ့ အထိမ်းအမှတ်အနေဖြင့်  ကရင်ပြည်နယ်ကြီး     ငြိမ်းချမ်း သာယာ     စည်ပင်ဝပြောပါစေ ကြောင်း သုံးကြိမ် ရွတ်ဆိုကြွေး ကြော်  (ဆုတောင်း)  ၍ ငြိမ်းချမ်း ရေး  ချိုးဖြူငှက်  ၆၇ ကောင်ကို လွှတ်ပေးကြသည်။

 


လှည့်လည်ကြည့်ရှု


ယင်းနောက်      နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊    တိုင်းရင်း သား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှကိုယ်စားလှယ် များနှင့်  အခမ်းအနားသို့ တက် ရောက်လာသော    တိုင်းရင်းသား ပြည်သူများက ဒေသဖွံ့ဖြိုးရေး ဌာနဆိုင်ရာ ပြခန်းများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုပြခန်းများ၊  ဒေသထွက်ကုန် အရောင်းပြခန်း များ၊  အသေးစား၊    အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်း များကို        လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


အခွင့်အလမ်းတစ်ခုဖြစ်


ဆက်လက်၍    (၆၇)     နှစ် မြောက်      ကရင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့်     ဟင်းသီး ဟင်းရွက်နှင့်  သစ်သီးဝလံ ပန်းမန် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊  စိုက်ပျိုးရေး ဦးစီးဌာနပြခန်း၌          ကျင်းပရာ ကရင်ပြည်နယ်   ဝန်ကြီးချုပ် ဦးစောမြင့်ဦးက   ယခုကဲ့သို့    ပြပွဲ ပြိုင်ပွဲများ  ပြုလုပ်ပေးခြင်းသည်  ပြည်နယ်အတွင်း          စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၏ ပြယုဂ် တစ်ခုဖြစ်သကဲ့သို့        ဒေသခံ တောင်သူများအတွက်     အခွင့် အလမ်းတစ်ခု      ဖြစ်ပါကြောင်း၊ သီးနှံအမျိုးအစားအလိုက် အုပ်စု (၄)  စု  ခွဲခြားထားပြီး  သီးနှံအမျိုး အစားပေါင်း  ၄၀  ခန့် လာရောက် ယှဉ်ပြိုင်ကြကြောင်း၊ တန်ဖိုးမြှင့် သီးနှံများ ဈေးကွက်အလားအလာ ရှိသည့် သီးနှံများကို ထုတ်လုပ် နိုင်မှသာ ဒေသတွင်းဝမ်းစာ ဖူလုံ ပြီး   ပိုလျှံသည်များကို  ရောင်းချ ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာ မည်ဖြစ်ကြောင်း ပြောကြားသည်။

 


ဂုဏ်ပြုဆုများပေးအပ်


ထို့နောက် ဆုများကို ပေးအပ် ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဝင်   မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊     ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊  ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးစောထွန်းအောင် မြင့်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း  စစ်ဌာနချုပ်တိုင်းမှူး     ဗိုလ်ချုပ် မြတ်သက်ဦး   တို့က   ငှက်ပျော၊ သင်္ဘော၊ ပိန္နဲ၊ ကျွဲကော၊ မာလကာ၊ ပီလောပီနံ၊   ရွှေဖရုံ၊    နာနတ်၊ ပဲလင်းမြွေ၊  အုန်း သီးနှံပထမဆု ရရှိသူများကို           ဂုဏ်ပြုဆုများ ပေးအပ်      ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။        
       

သတင်းစဉ်