နေပြည်တော် စက်တင်ဘာ ၂၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ၏ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း က မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး (ခုတင်- ၁၀၀၀) ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြ သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁၇ ဦးနှင့် မိသားစုဝင် ခြောက်ဦး တို့က လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပြီး စုပေါင်း သွေးလှူဒါန်းကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့် မိသားစုဝင်များ၏ စုပေါင်း သွေးလှူဒါန်းနေမှုများကို လိုက်လံ ကြည့်ရှုအားပေးကြပြီး သွေး အလှူရှင်များအတွက် အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်