
မန္တလေး စက်တင်ဘာ ၂၉
စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ဗဟို သွေးလှူဘဏ်တွင် စက်တင်ဘာ ၂၆ ရက်က စုပေါင်းသွေးလှူဒါန်းခဲ့သည်။
အဆိုပါသွေးလှူဒါန်းရာတွင် စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး)မှ တပ်ဖွဲ့မှူးရဲမှူးဇော်နိုင် ဦးစီး၍ အရာရှိ သုံးဦး၊ အခြားအဆင့်တပ်ဖွဲ့ဝင် ၃၀၊ မှီခိုသူမိသားစုဝင် ၁၀ ဦး စုစုပေါင်း ၄၃ ဦးတို့သည် မန္တလေးပြည်သူ့ ဆေးရုံကြီးဗဟိုသွေးလှူဘဏ်သို့ သွေးများလှူဒါန်းရာ ဗဟိုသွေးလှူဘဏ် တာဝန်ခံဆရာဝန်ကြီး ဒေါက်တာစုလှိုင်ဦးနှင့်တာဝန်ရှိသူများက လိုအပ် သည်များ ကူညီဆောင်ရွက်ပေးပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့သည်။ အလားတူ စည်ပင်သာယာရဲတပ်ဖွဲ့(မန္တလေး)မှ (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးသူနာပြု သင်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်အေးချမ်း