(၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

ပြင်ဦးလွင်   စက်တင်ဘာ  ၃


၂၀၂၂ ခုနှစ်  အောက်တိုဘာ ၁ ရက်တွင်  ကျရောက်မည့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့ဝင်များ၏     စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ်  ရပ်ကွက်ကြီး (၈)ရှိ  အ.ထ.က (၅) ကျောင်း၌ ပြုလုပ်သည်။

 


စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲတွင် ခရိုင်ရဲတပ်ဖွဲ့ဝင်များက အ.ထ.က (၅) ကျောင်းဝင်းအတွင်း  ချုံနွယ်များ၊  ပေါင်းမြက်များကို  ရှင်းလင်း ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေဆင်းမြောင်း ရှင်းလင်း ခြင်းများကို   ဆောင်ရွက်ကြသည်။   စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာ နေရာများသို့ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်ဇော်မြင့် ဦးဆောင် သော  တာဝန်ရှိသူများက   စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များကို     လှည့်လည်ကြည့်ရှုကာ    အားပေးစကားများ ပြောကြား၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲတွင် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့မှ ရဲတပ်ဖွဲ့ဝင် အရာရှိအရာခံ အကြပ် တပ်သား  ၁၂၀ တို့က  စုပေါင်းသန့်ရှင်းရေးတွင် ပါဝင်ဆောင်ရွက်ကြ ကြောင်း သိရသည်။  

                            
ဖြူလူသစ်(ခရိုင်ပြန်/ဆက်)