
ရန်ကုန် ဖေဖော်ဝါရီ ၂၂
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ” တတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။
နံနက်ပိုင်းတွင် ပတ်ဝန်းကျင်အာဆင်းနစ် အဆိပ် သင့်မှုကြောင့် ယင်းဒေသတွင် နေထိုင်သူများ၌ တွေ့ရှိရသည့် ရေတို/ရေရှည် ဘေးထွက်ဆိုးကျိုး များကို ကျန်းမာရေးအသိပညာပေးရန် အရေးပါပုံ၊ အာဆင်းနစ်ပါဝင်သောရေကို ကာလရှည်သောက်သုံး ထားသည့် ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားလာ သော ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာ ထားရှိသည့် သုတေသနရလဒ်များနှင့် သောက်သုံးရေ တွင် အာဆင်းနစ်ပါဝင်မှုပမာဏ လျော့ကျစေအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများအကြောင်း သိကောင်းစရာများကို တင်ပြဆွေးနွေးကြမည့် “Myanmar-Japan Joint Symposium (2023): Health Hazards of Environmental Arsenic Poisoning - ပတ်ဝန်းကျင်ရှိ အာဆင်းနစ်အဆိပ်သင့် မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် ပတ်သက်သော ပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ”ကို ကျင်းပသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် သဘာပတိများ အဖြစ် Myanmar Institute of Strategic and International Studies, Ministry of Foreign Affairs မှ ဝါရင့်အကြံပေးအဖွဲ့ဝင်၊ ကျန်းမာရေးဝန်ကြီး ဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကျန်းမာရေးပညာ ဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်မောင် လွင်နှင့် ဂျပန်နိုင်ငံ University of Miyazaki မှ Professor Yoshitaka Hishikawa တို့က ဆောင်ရွက် ကြပြီး သဘာပတိ ဒေါက်တာခင်မောင်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ဂျပန်နိုင်ငံ University of Miyazaki မှ Professor Dr Yoshiki Kuroda က “အာဆင်းနစ် ပမာဏ ၅၀ ပီပီဘီထက်များသောရေကို သောက်သုံး သည့် ကိုယ်ဝန်ဆောင်မိခင်များမှ မွေးဖွားလာသော ကလေးများ၏ ကြီးထွားမှုကို လေ့လာခြင်း”ကို လည်းကောင်း၊ University of Miyazaki, Assistant Professor Yasunori Yano က “သောက်သုံးရေတွင် အာဆင်းနစ်ဓာတ်လျှော့ချသည့် နည်းလမ်းအမျိုးမျိုး” ကိုလည်းကောင်း၊ University of Miyazaki မှ Professor Dr Masahiro Amano က “ဂျပန်နိုင်ငံ အာဆင်းနစ်များသော တိုရိုကုဒေသတွင် နေထိုင် သောသူများ၏ အာဆင်းနစ်အဆိပ်သင့်မှုကို လေ့လာ ခြင်း” ကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ဖြူဖြူက “အာဆင်း နစ်များသော ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်း ဒေသရှိ နေထိုင်သူများ၏ ရေမှတစ်ဆင့် အာဆင်းနစ် အဆိပ်သင့်မှု ရှိ/မရှိ လေ့လာခြင်းနှင့် သောက်သုံးရေ တွင် အာဆင်းနစ်ဓာတ်လျှော့ချသည့် နည်းလမ်းကို လေ့လာသောသုတေသန”ကိုလည်းကောင်း၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အရေပြားရောဂါအထူးကုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာခိုင်ခိုင်ဇော်က “ခရုသင်း ရောဂါလူနာများတွင် တွေ့ရသော အာဆင်းနစ် ကြောင့်ဖြစ်သည့် အရေပြားကင်ဆာရောဂါကို လေ့လာခြင်း”ကို လည်းကောင်း၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါက်တာခင်မောင်လွင်က “အာဆင်းနစ် အဆိပ်သင့်စေသောရေများကို အများပြည်သူများ သောက်သုံးမှုမှ လျှော့ချပေးနိုင်သော နည်းလမ်း များကို လေ့လာခြင်း”ကို လည်းကောင်း သုတေသန တွေ့ရှိချက်များနှင့်တကွ ရှေ့ဆောင်ရွက်မည့် အစီအစဉ်တို့ကို ဆွေးနွေးတင်ပြကြသည်။
အဆိုပါ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်း ပြည်ပမှ ပညာရှင်များ၊ သုတေသီများ ၁၅၀ ခန့် တက်ရောက်ကြပြီး တက်ရောက်လာသူများ က မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲကို အပိုင်းနှစ်ပိုင်း ခွဲ၍ကျင်းပရာ သုတေသနစာတမ်း စုစုပေါင်း ၁၀ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြသည်။ ပထမ ပိုင်းတွင် စာတမ်းဖတ်ပွဲ သဘာပတိများအဖြစ် ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာမေပြုံးကျော်၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာမြတ်မွန်ခိုင် တို့က ဆောင်ရွက်ကြသည်။
ဒုတိယပိုင်းတွင် စာတမ်းဖတ်ပွဲ သဘာပတိများ အဖြစ် ဆေးတက္ကသိုလ်(၁) ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာနွယ်မာထွန်း၊ ဆေးတက္ကသိုလ်(၂) ပါမောက္ခ/ဌာနမှူး ပါမောက္ခ ဒေါက်တာခင်မေသင်း တို့ကဆောင်ရွက်ခဲ့ကြပြီး စာတမ်းဖတ်ပွဲများသို့ ဘာသာရပ်ဆိုင်ရာပညာရှင်များ၊ သုတေသီများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများက စာတမ်းရှင်များအား မေးမြန်းဆွေးနွေး အကြံပြု ကြသည်။
ညီလာခံကို ဖေဖော်ဝါရီ ၂၄ ရက်အထိ ငါးရက်တာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်