(၅) ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆုနှင့်ပတ်သက်သည့် ရှင်းလင်း‌ဆွေးနွေးပွဲကျင်းပ

 

ရန်ကုန်   ဇန်နဝါရီ   ၂၆
(၅)ကြိမ်မြောက် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်      ကျန်းမာရေးကွန်ရက်ဆုနှင့် ပတ်သက်သည့်   ရှင်းလင်း‌ဆွေးနွေးပွဲကို    ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ကနောင်ခန်းမ၌ ကျင်းပသည်။ 
ဆွေးနွေးပွဲသို့     အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်နောင်၊  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊    အလုပ်ရုံနှင့်  အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA)တို့မှ ကိုယ်စားလှယ် များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ မှ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် စက်ရုံ၊ အလုပ်ရုံများမှ ကိုယ်စားလှယ်များ၊ အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာ ရေးကွန်ရက်ဆု ရရှိပြီးသည့် စက်ရုံများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။
ပါဝင်ယှဉ်ပြိုင်စေလို
ဦးစွာ   ပြည်ထောင်စုဝန်ကြီးက   လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အလေးအနက်ထားအကောင်အထည် ဖော်ဆောင်ရွက်နေသည့်  လုပ်ငန်းရှင်များကို   အသိ အမှတ်ပြုသည့်အနေဖြင့်     အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET) မှ ချီးမြှင့်သည့်ဆုများကို မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်များသိရှိပြီး ပါဝင်ယှဉ်ပြိုင်စေလို သည့်အတွက် ကျင်းပရခြင်းဖြစ်ကြောင်း။ 
ဆုများအကြိမ်တိုင်း ရယူနိုင်ခဲ့
အာဆီယံဒေသတွင်း    ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုနှင့်     ကုန်ထုတ်စွမ်းအားတိုးတက်စေ ရေး၊   ဘေးအန္တရာယ်ကင်းရှင်းပြီး   ကျန်းမာရေးနှင့် ညီညွတ်သည့်   လုပ်ငန်းခွင်ပတ်ဝန်းကျင်   ဖန်တီး ပေးရေးအတွက်  ရည်ရွယ်ပြီး  ၂၀၀၀  ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့်         အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN-OSHNET)  တွင်   မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်     ပါဝင်ပြီး      ဆောင်ရွက်နေကြောင်း၊ ASEAN-OSHNET သည် အာဆီယံဒေသတွင်း အလုပ် သမားများအတွက်   ကောင်းမွန်သော   လုပ်ငန်းခွင် အခြေအနေများကို  စိတ်ဝင်တစားဖြင့်  တက်ကြွစွာ ဆောင်ရွက်ပေးနေသော  လုပ်ငန်းရှင်များကို  အသိ အမှတ်ပြုသည့်အနေဖြင့် ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ် လျှင်တစ်ကြိမ် ချီးမြှင့်လျက်ရှိရာ အဆိုပါဆုများကို မြန်မာနိုင်ငံအနေဖြင့် ကျင်းပသည့်အကြိမ်တိုင်းတွင် ယှဉ်ပြိုင်ရယူနိုင်ခဲ့ပြီး  ဒေသတွင်းအဆင့်  ယှဉ်ပြိုင် နိုင်စွမ်းပုံရိပ်ကို    ထိန်းသိမ်းထားနိုင်ခဲ့ခြင်းကြောင့် ဆုရရှိသူများအတွက်သာမက နိုင်ငံတော်အတွက်ပါ ဂုဏ်ယူဝမ်းမြောက်စရာဖြစ်ခဲ့ရကြောင်း  ပြောကြား သည်။ 
သတင်းအချက်အလက်များရှင်းလင်းပြသ
ထို့နောက်     အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီး ဌာန၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ    လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားပြီး  ဆုဝင်ရောက်ယှဉ်ပြိုင်လိုသူ များအတွက်   အာဆီယံလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်     ကျန်းမာရေးကွန်ရက်ဆုနှင့် ပတ်သက်သည့်   သတင်းအချက်အလက်များကို သိရှိနားလည်စေရန် Video Clip ဖြင့် ရှင်းလင်းပြသ သည်။ယင်းနောက် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန     တာဝန်ရှိသူတစ်ဦးက ဆုရွေးချယ်ရေးနှင့် ပတ်သက်သည့် စံနှုန်းသတ်မှတ် ချက်များကို ရှင်းလင်းတင်ပြကြသည်။
ဝင်ရောက်ယှဉ်ပြိုင်နိုင်
၂၀၂၄   ခုနှစ်တွင်  စင်ကာပူနိုင်ငံ၌   ကျင်းပမည့် (၅) ကြိမ်မြောက် ဆုရွေးချယ်ချီးမြှင့်ပွဲတွင် ယခင်နှစ် များကဲ့သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များကို ဆုများ ရရှိစေရေး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအတွင်း ဆုရွေးချယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်မည် ဖြစ်သည့်အတွက် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန များမှ     လုပ်ငန်းပိုင်ရှင်များအနေဖြင့်    ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ 
လုပ်ငန်းခွင်     ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် ထူးခြားစွာဆောင်ရွက်ထားသော ကုန်ထုတ်သည့် စက်ရုံ၊ အလုပ်ရုံနှင့် အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများမှ   လုပ်ငန်းရှင်များ အတွက် ASEAN-OSHNET Excellence Award ကိုလည်းကောင်း၊ လုပ်သားအင်အား  ၅၀ မှ ၃၀၀ အထိရှိ အသေးစားနှင့် အလတ်စားစက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများ၊ လုပ်သားအင်အား ၃၀၀ မှ  ၆၀၀ အထိရှိ      လုပ်အားအခြေပြု      ထုတ်လုပ်မှုလုပ်ငန်း သို့မဟုတ် လက်ခစားလုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံ နှင့် အလုပ်ဌာနများမှ လုပ်ငန်းပိုင်ရှင်များအတွက် ASEAN-OSHNET Best Practices Award     ကို လည်းကောင်း ပေးအပ်ချီးမြှင့်မည် ဖြစ်သည့်အတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။သတင်းစဉ်