
ဘူးသီးတောင် ဒီဇင်ဘာ ၁၆
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ၌ (၄၇) နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဘူးသီးတောင်မြို့ ဦးဥတ္တမခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာသူများက နိုင်ငံ တော်အလံအား အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သည့် ၂၀၂၁ ခုနှစ် (၄၇) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ဖတ်ကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် အထက် တန်း၊ အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ တွင် ဆုရရှိသည့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူ များက ဆုများချီးမြှင့်သည်။
(၄၇) နှစ်မြောက် ရခိုင်ပြည် နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲ ရွှင်ပွဲအဖြစ် ဖူဆယ်၊ ပိုက်ကျော် ခြင်း၊ ဘော်လီဘော၊ ခေါင်းအုန်း ရိုက်၊ ချောတိုင်၊ လွန်ဆွဲ၊ ကင်းမြီး ကောက်၊ မုန့်ကိုက်၊ ပူဖောင်း ဖောက်၊ မီတာ (၁၀၀)၊ ဂုန်နီအိတ် စွပ်၊ အပ်ချည်ထိုး၊ ကွမ်းသီး ကောက်၊ ခြေပူး၊ ရေအိုးခေါင်းရွက် စသည့် ပြိုင်ပွဲများ ပါဝင်သည့် ပြိုင်ပွဲ ၁၅ မျိုးကို ဘူးသီးတောင် မြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြီး ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)